MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ အသက်(၂၃)နှစ်အရွှယ် စပိန်ကွင်းလယ်ကစားသမား ကားလက်စ်အယ်လီနာဟာ ဂီတာဖေးအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။ အယ်လီနာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲအနည်းငယ်ကိုသာ ပါဝင်ကစားခဲ့ရပြီး အငှားနဲ့မထွက်ခါခင်အထိ အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ပါဝင်ခဲ့ရပါတယ်။

စပါးအသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမားလေး ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်း တိုးမြှင့်သွားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၂၃မှ အသင်းနဲ့ သက်တမ်းကုန်မှာ ဖြစ်ပေမယ့်လည်း စပါးဘက်ကတော့ ဆွန်ကို အသင်းနဲ့ နှစ်ရှည်စာချုပ်တစ်ရပ် ချုပ်ဆိုထားချင်နေပါတယ်။

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ အမေရိကန် မေဂျာလိဂ်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းနဲ့ လက်ရှိ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဖီးလ်နဖီးကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် မက်ဇတ်အိုဇေးဟာ တူရကီထိပ်သီး ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ကစားဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး အခုဆောင်းစျေးကွက်အတွင်း ဖီနာဘာချီဆီကို ပြောင်းဖြစ်ပါက ကျောနံပါတ်အဖြစ် ၆ရကိုပါ ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ အိုဇေးကို မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကနေလည်း အလိုရှိနေတယ်လို့ သိရပါတယ်။

လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ အသက်လက်တီကိုကတော့ ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ တတိယအဆင့်မှာပဲ တတိယတန်းက အသင်းငယ်လေး ကော်နယ်ယာကို တစ်ဂိုးတည်းနဲ့ရှံးနိမ့်ကာ ပြိုင်ပွဲကနေ စောစောစီးစီးပဲ ထွက်ခွာလိုက်ရပါတယ်။