MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပိန်ကိုပါဒယ်ရေးရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွက် မဲခွဲမှုတွေကို ပြုလုပ်ခဲ့ရာ ဘာစီလိုနာအသင်းက ဂရန်နာဒါအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်စူပါဖလားချန်ပီယံ ဘက်တစ်နဲ့ ဘီလ်ဘာအိုအသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် လီဗန်တေးအသင်းက ဗီလာရီးရဲလ်အသင်းနဲ့ တွေ့ဆုံနေပြီး အယ်မီရီးယားက ဆီဗီလာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီဟာ သူရဲ့ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ဆင်းနေတဲ့အပြင် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပါ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

လီဗာပူးလ်အသင်းကို (၁)ဂိုး(၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်လိုက်ရတဲ့ စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ဒီဒဏ်ရာပြသာနာကြောင့် တစ်လနီးပါးခန့်လောက် အနားယူရတော့မှာဖြစ်လို့ အသင်းရဲ့တိုက်စစ်အတွက် ဂါရတ်ဘေးလ်ကို ဦးစားပေးအသုံးပြုသွားမယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အသင်းရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက် ဂိုးမက်ဇ်တို့က ဒဏ်ရာကြောင့် အနားယူနေရတဲ့အပြင် ဖာဘင်ဟိုနဲ့ မာတစ်တို့မှာလည်း ဒဏ်ရာအသီးသီးနဲ့ ရင်ဆိုင်နေရတဲ့အတွက် လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်မှူးတစ်ယောက် ခေါ်ယူသွားရဖို့ ရှိနေရပြီး အာဆင်နယ်အသင်းရဲ့ နောက်ခံလူ မူစတာဖီကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းကမှ တောင်အမေရိက ဘောလုံးပြိုင်ပွဲကနေ ခေါ်ယူထားခဲ့တဲ့ ဥရုဂွေးလူငယ် တောင်ပံကစားသမားလေး ပလစ္စထရီကို အခုဆောင်းစျေးကွက်အတွင်းမှာ အသင်းကနေ အငှားချသွားဖို့ စီစဉ်နေပြီး စပိန်လာလီဂါကလပ် အလာဗက်စ်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့ဖို့ပါ သဘောတူညီ ရယူထားနိုင်ခဲ့တယ်လို့ပါ သတင်းထွက်လို့နေပါတယ်။