MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီနှစ်ဘောလုံးရာသီအစကမှ အေဂျက်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်ရွေ့လာခဲ့တဲ့ အမေရိကန်လက်ရွေးစင် နောက်ခံအစွန်လူ ဆာဂျီနိုဒက်စ်က သူရဲ့အသင်းသစ် ဘာစီလိုနာမှာ မတူကွဲပြားတဲ့ ဖိအားဒဏ်တွေ ခံရနေပြီး လက်ရှိအချိန်မှာ သူ့အနေနဲ့ (၁၀၀)% ခံစားချက်ကောင်းမွန်နေတယ်လို့ မခံစားရပဲ ယုံကြည်မှုတွေ ပြန်လည်ရရှိဖို့ လိုအပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဆယ်ကျော်သက်အရွယ် ကွင်းလယ်ကစားသမားလေး ဘီလီဂေးလ်မောအနေနဲ့ အခုဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာရဖွယ် ရှိနိုင်တယ်လို့ အသင်းရဲ့နည်းပြ ဖရန့်လမ်းပတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ (၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဂေးလ်မောကို ပရီးမီးယားလိဂ်ပြိုင်ပွဲက ကလပ်အသင်းတွေအပြင် ချန်ပီယံရှစ်က အသင်းတွေကလည်း အငှားနဲ့ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေကြပြီး ချယ်လ်ဆီးဘက်ကလည်း လက်ခံဖွယ်ရှိနေပါတယ်။

ဝီလီယံဟိုဆေးကို ဝုလ်ဗ်အသင်းဆီ အငှားချလိုက်ရတဲ့ ရီးရဲလ်ဆိုစီဒက်အသင်းဟာ အသင်းရဲ့တိုက်စစ်ကို ပြန်လည်အင်အားဖြည့်တင်းဖို့အတွက် ဆီဗီလာအသင်းရဲ့ စပိန်တိုက်စစ်ကစားသမား ကားလို့စ်ဖာနန်ဒက်ဇ်ကို ပြောင်းရွေ့ကြေး ယူရို၉သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဆီဗီလာလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဖာနန်ဒက်ဇ်ကို ဆိုစီဒက်ကနေ (၆)နှစ်စာချူပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့အသင်းရဲ့ လက်ရှိနည်းပြ ယာဂန်ကလော့လက်ထက် အက်အေဖလားပြိုင်ပွဲတွေအတွင်း (၆)နှစ်ဆက်တိုက် ကွာတားဖိုင်နယ်အဆင့်ထိကို မရောက်ရှိခဲ့ပဲ အမြင့်မားဆုံးအနေနဲ့ ပဥ္စမအဆင့်အထိကိုပဲ တတ်လှမ်းနိုင်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ကာ စတုတ္ထအဆင့်နဲ့ပဲ အက်အေပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ လီဗာပူးလ်နဲ့ ပွဲစဉ်မတိုင်ခင် စနေနေ့ည ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းပြီးနောက်မှာပဲ ဖရီးကစ်ကန်သွင်း လေ့ကျင့်မှုကို (၄၅)မိနစ်သီးသန့် ပြုလုပ်ခဲ့တာကြောင့် တကယ့်ပွဲစဉ်အတွင်း ဖရီးကစ်ကနေ အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။