MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းဘက်ကနေ အလိုရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဂိုးသမားနက်တိုဟာ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နက်တိုဟာ တာစတီဂန်ရဲ့နောက် ဒုတိယဦးစားပေးဂိုးသာ ဖြစ်နေရတဲ့အတွက် မပျော်ရွှင်တော့ပဲ အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ညာနောက်ခံကစားသမား အယ်ဗာရိုအော်ဒရီယိုဇိုလာနဲ့ လက်တွဲဖြုတ်ချင်နေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)လောက်အထိ ရရှိမယ်ဆိုရင် ရောင်းချသွားဖို့ အဆင်သင့်ရှိနေတယ်လို့ စပိန်နာမည်ကျော်သတင်းစာ Mundo Deportivo ကနေ ဖော်ပြထားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ လက်တွဲဖြုတ်ပြီး အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းမွှေးခဲ့တဲ့ တူရကီလက်ရွေးစင် ကွင်းလယ်ကစားသမား ချာဟာနိုဂလူးဟာ လက်ရှိမှာတော့ မီလန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးသွားဖို့အတွက် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိလို့နေပြီး တစ်နှစ်လုပ်ခကိစ္စ ညှိနှိုင်းရမှာလည်း အဆင်ပြေသွားခဲ့ပြီလို့ သိရှိရပါတယ်။

ဒီနှစ်ဘောလုံးရာသီကမှ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ မနေ့ညက ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာပါ သွင်းဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အခုဆိုရင် ပရီးမီးယားလိဂ် (၁၀)ပွဲဆက်တိုက်ကို နိုင်ပွဲပျောက်နေရတဲ့ ကစားသမားတစ်ယောက် ဖြစ်နေရပါတယ်။

အင်တာမီလန်အသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ အခုဆောင်းစျေးကွက်အတွင်းမှာပဲ သူရဲ့ကလပ်အသင်းဟောင်း စပါးဆီကို အငှားနဲ့ပြန်လည်ရောက်ရှိသွားဖို့ နီးစပ်လျက်ရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပြီး လစာကိစ္စမှာတော့ ခက်ခက်ခဲခဲ ညှိနှိုင်းမှုတွေ လုပ်ဆောင်ရဖွယ် ရှိလို့နေပါတယ်။