MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းရဲ့ ဂျာမနီကွင်းလယ်ဖန်တီးရှင်ကစားသမား အိုဇေးကတော့ သူအနေနဲ့ သွားရောက်ကစားချင်တဲ့ နိုင်ငံနှစ်ခုရှိပြီး ဒီနိုင်ငံတွေက တူရကီနဲ့ အမေရိကန်ဖြစ်ကြောင်း တကယ်လို့သာ တူရကီမှာ သွားရောက်ကစားရမယ်ဆိုရင်လည်း တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းတစ်သင်းဆီကိုပဲ သွားရောက်ချင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲသွားတော့မယ့် နောက်ခံကစားသမား ဖိုဆူမန်ဆက်ရှ်ကို လေဗာကူဆင်အသင်းနဲ့ အေဂျက်စ်အသင်းတို့ကနေ ခေါ်ယူသွားချင်နေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လေဗာကူဆင်ကိုပဲ ရွေးချယ်သွားချင်နေသလို လေဗာကူဆင်အသင်းကလည်း မန်ဆက်ရှ်ကို ရယူနိုင်ဖို့အတွက် အခြေအနေအကောင်းဆုံး ဖြစ်လို့နေပါတယ်။

လက်စတာအသင်းမှာ နေရာပျောက်ဆုံးလျက်ရှိနေတဲ့ အယ်ဂျီးရီးယားတိုက်စစ်ကစားသမား အစ္စလာမ်ဆလီမန်နီဟာ လိုင်ယွန်အသင်းဆီကို ပြောင်းရွှေကစားဖို့အတွက် အဆင့်သင့်ဖြစ်လို့နေပြီး အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားတော့မယ့် မူဆာဒမ်ဘီလီရဲ့နေရာအတွက် အစားထိုးဝင်ရောက်တော့မှာဖြစ်ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ ဆာဆူအိုလိုအသင်းနဲ့ပွဲစဉ်မှာ ရရှိသွားခဲ့တဲ့ ဒူးဒဏ်ရာပြသာနာကြောင့် ရက်ပေါင်း(၂၀)ခန့်အထိကို အနားယူရတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီဒဏ်ရာကြောင့် ဒီဘားလားဟာ လာမယ့်(၁၈)ရက်နေ့ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် အရေးပါလှတဲ့ စီးရီးအေပွဲစဉ်ကို သေချာပေါက် လွဲချော်ရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ အာဆင်နယ်အသင်းကနေ လီဂူးကလပ် နိုက်စ်အသင်းဆီ ရာသီကုန်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ လူငယ်နောက်ခံကစားသမားလေး ဝီလီယံဆလီဘာဟာ သူရဲ့နိုက်စ်ကစားသမားဘဝ ဒုတိယမြောက်ပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားအဖြစ်ပါ သတ်မှတ်ခံလိုက်ရပါတယ်။