MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဖေဖော်ဝါရီ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မက္ကဆီကိုကလပ်အသင်းတစ်သင်းဖြစ်တဲ့ U.A.N.L-တီဂရက်စ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ဘရာဇီးကလပ် ပါးလ်မီးရပ်စ်အသင်းကို အနိုင်ရလိုက်တာကြောင့် ဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပြီဖြစ်ပြီး လက်ကျန်ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ အယ်လ်အာလီနဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲက အနိုင်ရလာမယ့်အသင်းနဲ့ ဖိုင်နယ်မှာ ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း သူရဲ့အသင်းကို အကောင်းဆုံးပုံစံရအောင် ကိုင်တွယ်လျက်ရှိနေပြီး လက်ရှိမှာလည်း သူရဲ့မန်စီးတီးအသင်းက (၁၄)ပွဲဆက်တိုက်အထိကို နိုင်ပွဲရထားခဲ့တာဖြစ်လို့ ဒါဟာ သူရဲ့နည်းပြသက်တမ်းတလျှောက် အရှည်ကြာဆုံးသော နိုင်ပွဲဆက်စံချိန်သစ်တစ်ခု ဖြစ်လာခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက လီဗာပူးလ်အသင်းအနေနဲ့ မနေ့ညက အိမ်ကွင်းအန်ဖီးလ်မှာ မန်စီးတီးအသင်းကို (၁)ဂိုး(၄)ဂိုးနဲ့ ရှံးနိမ့်ခဲ့ရတဲ့ပွဲက ပုံစံအတိုင်းနဲ့သာ ဆက်ကစားနေမယ်ဆိုရင် ဆုဖလားတွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့အတွက် နောက်ထပ်အနှစ်(၃၀)လောက်အထိ ပြန်လည်စောင့်ဆိုင်းရနိုင်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် ဝါရင့်တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ အိန်ဂျယ်ဒီမာရီယာဟာ မနေ့ညက မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွက် ပါဝင်ကစားဖို့ မရေမရာ ဖြစ်လာခဲ့ရပါတယ်။

လိုင်လီအသင်းရဲ့ ကနေဒါတိုက်စစ်ကစားသမားလေး ဂျိုနသန်ဒေးဗစ်က သူငယ်စဉ်ကတည်းက ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေမှာ ပါဝင်ကစားဖို့အတွက် စိတ်ကူးအိမ်မက်မက်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှူးဒေးဗစ်ကို ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက အာဆင်နယ်အသင်းဘက်ကနေ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လိုင်လီအတွက် ပြိုင်ပွဲစုံ(၇)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။