MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အခွင့်အရေးဖန်တီးမှုပေါင်း (၃၅)ကြိမ်အထိကို ပြုလုပ်ထားနိုင်ခဲ့ပြီး ဒီပမာဏဟာ ဥရောပရဲ့ ထိပ်တန်းအမှတ်ပေးလိဂ်ကြီး (၅)ခုလုံးမှာပါ အမြင့်မားဆုံးပမဏ ဖြစ်နေခဲ့ရတဲ့အပြင် မနေ့ညက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဒုတိယပိုင်း(၄၅)မိနစ်အတွင်းမှာပင် Chances (၈)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ုကို စာချုပ်သက်တမ်း မတိုးမြှင့်နိုင်ပဲ အသင်းကနေ လက်လွတ်လိုက်ရမယ်ဆိုရင် သူရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ဘရိုက်တန်အသင်းရဲ့ မာလီကွင်းလယ်လူ ဘစ်ဆူးမားကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဆီဗီလာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်သွားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပေမယ့် ဆီဗီလာအသင်းရဲ့ နည်းပြဖြစ်သူ ဂျူလန်လိုပက်တယ်လီကတော့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ သူ့ရဲ့အသင်းက ရီးရဲလ်အသင်းထက် ကစားပုံပိုကောင်းမွန်ခဲ့ပြီး ရှံးပွဲကလည်း စိတ်ပျက်စရာဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း ဧည့်သည်လိဒ်စ်အတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖိုဒ့်ဟာ ဒီရာသီမှာ သူ့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၈)ဂိုးမြောက်သွင်းဂိုးကို ရယူခဲ့တာဖြစ်ပြီး (၈)ဂိုးထဲကမှ (၇)ဂိုးကို အဝေးကွင်းမှာပဲ သွင်းယူခဲ့တာဖြစ်ကာ အဝေးကွင်းဂိုးအများဆုံး သွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။

မနေ့ညက ကျင်းပသွားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း ဘာစီလိုနာအသင်းဟာ တန်းတတ်ကာဒဇ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ (၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာကြောင့် ဒီရာသီမှာ လာလီဂါရှုံးပွဲ(၅)ပွဲအထိကို ရှိလာခဲ့ရာ ဒီရှုံးပွဲပမာဏဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီနဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ နှစ်ရာသီပေါင်း ရှံးပွဲပမာဏထက်ပင် များပြားလို့နေပါတယ်။