MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက အမ်းမရိတ်ဒ်ကွင်းအတွင်းမှာ ကျင်းပခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရက်ပစ်ဝီအန်အသင်းတို့ရဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဥ်မှာ အာဆင်နယ်ပရိသတ်ပေါင်း အယောက်(၂၀၀၀)ဟာ ကွင်အတွင်းကို လာရောက်အားပေးကြည့်ရှုခွင့်ရခဲ့ပြီး ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီးနောက်ပိုင်း (၉)လအကြာမှ ပထမဆုံးအကြိမ်အဖြစ် ပရိသတ်တွေ ကွင်းအတွင်းဝင်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ အသင်းရဲ့နောက်ခံကစားသမား ဂျန်ဘတ်နာရတ်ဒ်ကို (၄)နှစ်ခွဲစာချုပ်သစ် ချုပ်ဆိုလိုက်ပြီလို့ သိရှိရပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင် နောက်ခံကစားသမား ဘတ်နာရတ်ဒ်ဟာ ၂၀၁၇ ခုနှစ်ကမှ လက်ချ်ပေါ့ဇ်နန်အသင်းကနေ ဆောက်သမ်တန်အသင်းဆီကို ရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။

UEFA Nations League 2021 ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်တွေကို မဲခွဲဆုံးဖြတ်ရာမှာ အီတလီနဲ့စပိန်အသင်းတို့ တွေ့ဆုံနေခဲ့သလို ဘယ်ဂျီယံနဲ့ ပြင်သစ်အသင်းတို့် ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။ အဆုိပါ ဆီမီးဖိုင်နယ် (၂)ပွဲလုံးကိုတော့ ကြားကွင်းတွေမှာ တစ်ပွဲတည်းအပြီး ကျင်းပစေမှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၆၊၇) ရက်တွေမှာ ကျင်းပမှာဖြစ်ကာ ဖိုင်နယ်ကိုတော့ (၁၀)ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ဟာ Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရလို့ အသင်းရဲ့ပွဲတွေကို လွဲချော်ထားခဲ့ရပေမယ့် လက်ရှိမှာတော့ နောက်ဆုံးစစ်ဆေးမှုက Negative ပြခဲ့ပြီဖြစ်လို့ ဒီနေ့မှာပဲ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်လုပ်နိုင်တော့မှာဖြစ်သလို ဗယ်လာဒိုးလစ်နဲ့ပွဲကိုလည်း ပါဝင်လာဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ နယ်သာလန် ဘယ်တောင်ပံကစားဟောင်း ဒရန်သီဟာ အသက်(၃၃)နှစ်အရွှယ်မှာပဲ ဒေဝါလီခံလိုက်ရပြီလို့ သိရှိရပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲပါဝင်ကစားထားခဲ့ဖူးတဲ့ ဒရန်သီဟာ လက်ရှိမှာတော့ နယ်သာလန်ကလပ် Kozakken မှာ ပါဝင်ကစားနေသူဖြစ်ပါတယ်။