MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းရဲ့ အဓိကဂိုးသမားဖြစ်သူ အယ်လီဆန်ဘတ်ကာဟာ မနေ့ညက ကျင်းပခဲ့တဲ့ အေဂျက်စ်အသင်းနဲ ချန်ပီယံလိဂ်ပွဲစဥ်မတိုင်ခင်မှာ တံကောက်ကြောဒဏ်ရာ ခံစားနေရတဲ့အတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တဲ့အပြင် ဒီဒဏ်ရာကြောင့် နောက်ထပ်(၂)ပတ်ဝန်းကျင်လောက်အထိ အနားယူရတော့မယ်လို့လည်း သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ရှက်တာဒိုးနက်အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဥ်အတွင်း (၂)ဂိုးပြတ် အရေးနိမ့်ခဲ့ရပြီး ပြိုင်ပွဲစုံ(၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရကာ မတည်ငြိမ်လွန်းလှတဲ့ ပုံစံတွေဖြစ်နေတာကြောင့် နည်းပြဇီဒန်းရဲ့ အနာဂတ်က လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ရပေမယ့် ဇီဒန်းကတော့ ရာထူးကနေ လု​ံးဝနုတ်ထွက်မှာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက ဒီနှစ်ဘောလုံးရာသီ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာတစ်ရာရဖို့အတွက် ရုန်းကန်နေရပြီး ပွဲကကစားခွင့် အနည်းငယ်ပဲ ရရှိထားခဲ့ပေမယ့်လည်းဒီအခြေအနေတွေကို စိတ်ပျက်ခြင်းမရှိပဲ နေရာရဖို့အတွက် အသင်းသားတွေနဲ့အတူ တိုက်ပွဲဝင်နေရခြင်းကို နှစ်သက်မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျသွားခဲ့တာကြောင့် ဘိုင်ယန်ရဲ့ ချန်ပီယံလိဂ် နိုင်ပွဲဆက်စံချိန်ဟာလည်း (၁၅)ပွဲတည်းနဲ့ ရပ်တန့်သွားခဲ့ရပြီဖြစ်ပေမယ့် သရေသာ ကျခဲ့တာဖြစ်လို့ (၁၆)ပွဲဆက် ရှံးပွဲမရှိသေးတဲ့ စံချိန်ကိုတော့ ဆက်လက်ပိုင်ဆိုင်နေမှာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ပြင်သစ်နောက်ခံကစားသမား ဆင်မြူရယ်အမ်တီတီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အမ်တီတီဟာ ဒဏ်ရာပြသာနာတွေကြောင့် ဘာစီမှာ ပွဲထွက်ခွင့်တွေ နည်းပါးလွန်းနေပြီး အခုထိလည်း ဒဏ်ရာအကင်းသေလျက် မရှိသေးဘူးလို့ သိရပါတယ်။