MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းမှာ ပုံမှန်နေရာတွေ ပျောက်ဆုံးလို့နေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါဟာ ဒီတစ်ပတ် Sunday ညမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်အပြီး သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားလိမ့်မယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုက မနှစ်က ဘောလုံးရာသီအတွင်း သူတို့အသင်းကို ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကနေ လှည့်ပြန်ရအောင် လုပ်ဆောင်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မာဆယ်ဆာဘစ်ဇာကို ခေါ်ယူချင်နေပြီး လိုက်ပ်ဇစ်ကစားသမားကလည်း စပါးမှာ လာရောက်ကစားဖို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဂီတာဖေးအသင်းဟာ စပိန်လာလီဂါ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေရဲ့ လူငယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကူဘို(ရီးရဲလ်)နဲ့ အယ်လီနာ(ဘာစီလိုနာ)တို့ကို အငှားနဲ့ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။ ကူဘိုကတော့ လက်ရှိ ဗီလာရီးရဲလ်မှာ အငှားနဲ့ ကစားနေရပေမယ့် ပွဲထွက်ခွင့်ကတော့ အနည်းအကျဉ်းသာ ရရှိနေလို့ ဗီလာရီးရဲလ်ကနေ ပြန်လည်ထွက်ခွာချင်နေသူဖြစ်ပါတယ်။

ဂျုဗင်တပ်စ်နဲ့ ရိုးမားအသင်းတို့ဟာ အမေရိကန် မေဂျာလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက်စီဒဲလ်လက်စ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် အမေရိကန်ကြယ်ပွင့် နောက်ခံကစားသမားလေး ဘရိုင်ယန်ရေနိုးစ်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားလျက်ရှိနေပြီး ဖီအိုရင်တီးနားနဲ့ ကလပ်ဘရုဂျက်တို့ကလည်း ဒီကစားသမားလေးကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။

အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပါးနည်းပြဟောင်း မာရီစီယိုပိုချက်တီနိုအနေနဲ့ လစ်လပ်နေတဲဲ့ ပီအက်စ်ဂျီနည်းပြရာထူးကို လက်ခံဖြစ်ခဲ့မယ်ဆိုရင် လတ်တလော စပါးအသင်းမှာ နည်းပြမော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်လို့နေတဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီကို ပီအက်စ်ဂျီဆီ အရခေါ်ယူသွားဖို့ ရှိနေတဲ့အပြင် အင်တာမီလန်မှာ အခြေမကျဖြစ်နေတဲ့ အဲရစ်ဆင်ကို ပဲရစ်ဆီ အရခေါ်ယူဖွယ် ရှိနေပါတယ်။