MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်တဲ့ အသင်းရဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို ပွဲထွက်ကစားဖို့ အဆင့်သင့် မဖြစ်သေးမချင်း အသုံးပြုသွားဦးမှာ မဟုတ်ပဲ သူဘက်က ပွဲကစားဖို့ လုံးဝ Ready ဖြစ်နေမှသာ အသုံးပြုသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။ ထရာအိုရေးဟာ ဒီနှစ်ဘောလုံးရာသီမှာ ဝုလ်ဗ်အသင်းအတွက် ပွဲထွက်ခွင့်တွေ နည်းပါးလို့နေပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးမှကိုလည်း မရယူထားနိုင်သေးပဲ ရှိနေပါတယ်။

ဒါဘီကောင်တီအသင်းရဲ့ ယာယီနည်းပြ ကစားသမားအဖြစ်နဲ့ တာဝန်ယူဆောင်ရွှက်နေတဲ့ ဝိန်းရွန်းနီကတော့ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်း သူရဲ့အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဖီးလ်ဂျုံးကို အသင်းဆီ ခေါ်ဆောင်သွားဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီနှစ်ရာသီအတွင်း ချယ်လ်ဆီးအသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကို စပိန်လာလီဂါ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်ကနေ ပစ်မှတ်ထားလို့ရှိနေပြီး ပွဲထွက်ခွင့်တွေ ဆုံးရှံးနေရတဲ့ အလွန်ဆိုကိုယ်တိုင်ကလည်း သူရဲ့စပိန်မြေဆီကို ပြန်သွားချင်နေပါတယ်။

စပါးနဲ့ မန်စီးတီးအသင်းတို့ဟာ အတ္တလန်တာအသင်းမှာ ခြေစွမ်းပြသလျက်ရှိနေတဲ့ နယ်သာလန်ကွင်းလယ်ကစားသမား မာတန်ဒီရွန်းကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။ အသက်(၂၉)နှစ်အရွှယ် ကွင်းလယ်လူ ဒီရွန်းဟာ မစ်ဒယ်ဘရော့အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ တစ်ရာသီခန့် ဖြတ်သန်းခဲ့ဖူးသူလည်းဖြစ်ပါတယ်။