MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရှက်ဖီးယူနိုက်တက်အသင်းရဲ နော်ဝေကွင်းလယ်ကစားသမား ဆမ်ဒါဘာချ်ဟာ ဒဏ်ရာပြသာနာကြောင့် (၃)လခန့်လောက်အထိကို အနားယူသွားရတော့မှာဖြစ်တယ်လို့ ရှက်ဖီးနည်းပြ ခရစ်ဝိုင်ဒါက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ ရမှတ်(၂)မှတ်သာ ရယူထားနိုင်ခဲ့တဲ့ ရှက်ဖီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသင်းဟာ မနေ့ညက ဟတ်အသင်းနဲ့ စကော့စူပါဖလားဗိုလ်လုပွဲစဉ်ကို ဆင်နွဲခဲ့ရပြီး သွင်းဂိုး(၂)ဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရလို့ အချိန်ပိုဆက်ကစားရာ အချိန်ပိုမှာလည်း တစ်ဖက်တစ်ဂိုးစီ ထပ်ရခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ (၄)ဂိုး(၃)ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်ကနေ အက်စတွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ အသင်းအတွက် Clean Sheets (၇)ပွဲအထိတောင် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဗီလာဂိုးသမားတွေအားလုံး ရယူနိုင်ခဲ့တဲ့ Clean Sheets အကြိမ်ရေထက်ပင် များပြားနေတယ်လို့ သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအိုလေဂန်နာဆိုးလ်ရှားက ပင်နယ်တီဧရိယာအတွင်း ပြိုင်ဘက်လိဒ်စ်ကစားသမားရဲ့ ဟန့်တားမှုကြောင့် လှဲကျသွားခဲ့တဲ့ ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ဟန်ဆောင်လှဲချတယ်ဆိုပြီး အဝါကတ်ပြသခဲ့တဲ့ ကွင်းလယ်လူအန်တိုနီတေလာရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စကော့တလန်ကွင်းလယ်ကစားသမားလေး တွမ်မီနေးဟာ မနေ့ညက ကစားသွားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုးကို ပွဲအစ(၃)မိနစ်အတွင်းမှာ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပွဲအစ(၃)မိနစ်အတွင်း သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားဖြစ်လာခဲ့ရပါတယ်။