MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ရာသီဝက်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ခေါ်ယူခဲ့တဲ့ ပေါ်တူဂီ လူငယ်ကွင်းလယ်ကစားသမား ဂတ်ဆင်ဖာနန်ဒက်စ်ကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းကနေ အငှားချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ ဖာနန်ဒက်စ်ဟာ ဒီရာသီအတွင်း စပါးအသင်းအတွက် ကာရာဘောင်းဖလားပွဲတစ်ပွဲကိုသာ ပါဝင်ကစားခွင့် ရထားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဝီလီယံဂါးလက်စ်က အာဆင်နယ်အသင်းရဲ့ လက်ရှိနည်းပြ မီခဲလ်အာတီတာဟာ အာဆင်နယ်အတွက် သင့်တော်တဲ့နည်းပြတစ်ယောက်မဟုတ်ပဲ အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း အသင်းခေါင်းဟောင်းဖြစ်တဲ့ ပက်ထရစ်ဗီအဲရာကသာ အာဆင်နယ်နည်းပြရာထူးနဲ့ လိုက်ဖက်မှုအရှိဆုံးလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်သူ ဖာဘရီဇီယိုရိုမာနိုရဲ့ ထုတ်ဖော်ချက်အရ အတ္တလန်တာအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အာမတ်ထရာအိုရေးဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် Passport ကိစ္စတွေအားလုံးကို ပြီးမြောက်သွားခဲ့ပြီဖြစ်လို့ ဇန်နဝါရီလမှာပဲ ယူနိုက်တက်ဆီ ရောက်ရှိလာတော့မယ်လို့ သိရှိရပါတယ်။

အဲဗာတန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ကိုလံဘီယာတိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒဏ်ရာပြသာနာကနေ သက်သာခါစ ရှိနေသေးတဲ့အတွက် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားရဖွယ် မရှိနိုင်သေးပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှသာ ပါဝင်ကစားဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမားလေး ဘရန်ဒန်ဝီလီယံစ်ကို ဆောက်သမ်တန်အသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူချင်နေသလို လတ်တလော ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပုံစံကောင်းပြသလို့နေတဲ့ လေဗာကူဆင်အသင်းကပါ ဝီလီယံစ်ကို အငှားနဲ့ခေါ်ယူသွားချင်နေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။