MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင်းလ်ရွန်းနီဟာ အသက်(၁၁)နှစ်အရွှယ်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး အသင်းရဲ့ သက်တမ်းအလိုက် ယူနိုက်တက်လူငယ်အသင်းတွေမှာ ပါဝင်ကစားရတော့မှာဖြစ်ပါတယ်။ ရွန်းနီကတော့ လက်ရှိအချိန်မှာ ဒါဘီအသင်းရဲ့ ယာယီနည်းပြအဖြစ်နဲ့ရော ကစားသမားအဖြစ်နဲ့ပါ တာဝန်ယူလျက် ရှိနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ ကိုဗစ်ကူးစက်မှုနဲ့ရော ဒူးဒဏ်ရာကြောင့်ပါ အသင်းရဲ့ ပွဲစဉ်တွေများစွာကို လွဲချော်ခဲ့ရကာ အခုထိ အသင်းအတွက် ပွဲစဉ်(၂)ပွဲပဲ ပါဝင်ခဲ့ရသေးပေမယ့် လက်ရှိမှာတော့ ဒဏ်ရာကနေ သက်သာလာခဲ့ပြီး လေ့ကျင့်ခန်းလည်း ဆင်းနေပြီလို့ သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပထမပိုင်းမှာပဲ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဝေးကွင်း(၁၀)ပွဲဆက်တိုက် (၂)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

တားမြစ်ဆေးသုံးစွဲထားမှုနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကိုယ်စားပြု အားကစားအသင်းတွေအားလုံးကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေအတွင်း ဝင်ရောက်ဆင်နွဲခွင့်မှ (၂)နှစ်တာအထိ ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ နိုင်ငံတကာအားကစားခုံရုံးကနေ စီရင်ချက်ချမှတ်လိုက်တာကြောင့် ရုရှားဘောလုံးအသင်းအနေနဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ တိုကျိုအိုလံပစ်ပွဲတွေကို ဆင်နွဲခွင့်နဲ့ လွဲချော်ခဲ့ရပြီဖြစ်ပါတယ်။

ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဝန်ဒေါစကီး ပိုင်ဆိုင်ခြဲ့့ပီးနောက် Player Ranking Points တွေကို ထုတ်ပြန်လာခဲ့ရာ လီဝန်ဒေါစကီးက (၅၂)မှတ် ရော်နယ်ဒိုက (၃၈)မှတ် မက်ဆီက (၃၅)မှတ် မာနေးက (၂၉)မှတ် ဒီဘရိုင်းက (၂၆)မှတ် ဆာလာက (၂၅)မှတ် ဘာပေက (၁၉)မှတ် သီယာဂိုက (၁၇)မှတ် နေမာက (၁၆)မှတ်နဲ့ ဗန်ဒိုက်က (၁၃)မှတ်စီ အသီးသီးရရှိခဲ့ကြပါတယ်။