MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘလွန်းဒီအောရဲ့ Dream Team အဖြစ် ရွေးချယ်မှုပြုလုပ်ခဲ့ရာ လပ်ဗ်ယာရှင် ကာဖူး ဘက်ဘောင်ဝါ မာနီဒီလ် ပီလီ ဇာဗီ လော်သာမာသီးယပ်စ် မာရာဒိုနာ မက်ဆီ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ရော်နယ်ဒိုနာဇီရီယိုတို့ ပါဝင်လာခဲ့ရပါတယ်။ ဒီရွေးချယ်မှုဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစားဂျာနယ်လစ်ပေါင်း အယောက်(၁၄၀)ရဲ့ မဲပေးရွေးချယ်မှုကနေ အခြေခံထားတာလို့လည်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်စ်မဲရိုးဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် စပိန်လာလီဂါပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။ ကတ်စ်မဲရိုးဟာ ပြီးခဲ့တဲ့မက်ဒရစ်ဒါဘီပွဲမှာ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ဖြစ်ပြီး ကွင်းလယ်မှာလည်း မိုဒရစ် တိုနီကရူးစ်တို့နဲ့တွဲဖက်ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဗြိတိန်အစိုးရက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ကိုဗစ်စည်းမျဉ်းအရ Tier 3 ဇုန်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်လို့ (၁၆)ရက်နေ့ညမှာ ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အမ်းမရိတ်ဒ်ကွင်းထဲမှာ ပရိသတ်မပါပဲ ကွင်းပိတ်ကစားရမှာဖြစ်ကြောင်း အာဆင်နယ်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ အသက်(၅၀)လောက်အထိ ဘောလုံးကစားနိုင်မယ့်သူဖြစ်တယ်လို့ သူရဲ့အေးဂျင့်ရွိုင်အိုလာက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ မိုဗစ်ဟာ လက်ရှိမှာ အသက်(၃၉)နှစ်အရွှယ် ရှိနေပေမယ့်လည်း မီလန်အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်နေသလို ဂိုးတွေလည်း အဆက်မပြတ် သွင်းယူလျက်ရှိနေပါတယ်။

ဝုလ်ဗ်အသင်းဟာ ဦးခေါင်းဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းရဲ့တိုက်စစ်ကစားသမား ရာအူးယီမီနက်ဇ်ရဲ့နေရာမှာ ရေတိုအစားထိုးသွားဖို့အတွက် ဟော့ခ်အပြင် နယူးကာဆဲလ်နဲ့ ဝက်ဘရွန်းတိုက်စစ်မှူးဟောင်း ဆော်လမွန်ရွန်ဒွန်ကိုပါ ပစ်မှတ်ထားလို့နေပြီး အသင်းရဲ့ပစ်မှတ်ဟောင်း ဇင်ချန်ကို ကိုလည်း ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်ချင်နေပါတယ်။