MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမားပေါ် ကြမ်းတမ်းစွာ ပြုမှုမိခဲ့လို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်လူ ချာကာဟာ အာဆင်နယ်ကစားသမားဘဝ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝါကတ်(၃၇)ကတ်နဲ့ အနီကတ်(၃)ကတ်အထိ ပြသခံခဲ့ရတဲ့အထိကို ဆိုးရွှားခဲ့ရပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ အခြားသောကလပ်အသင်းတွေထက် ဒဏ်ရာပြသာနာဆိုးတွေရဲ့ နှိပ်စက်မှုဒဏ်ကို ပိုခံစားနေရတဲ့ လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီသရေကျခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာလည်း အသင်းရဲ့နောက်ခံလူ ဂျိုရယ်မာတစ်က ခါးဒဏ်ရာ ထပ်မံရရှိသွားခဲ့ပြန်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေက သူရဲ့အနာဂတ်ဟာ သူ့မိသားစုဝင်တွေရဲ့ အကြံညဏ်ပေးမှုတွေအပေါ်မှာလည်း မူတည်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာ ဘာပေကို ပီအက်စ်ဂျီအသင်းကနေ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေပြီး ဘာပေကိုယ်တိုင်လည်း အသင်းမှာပဲ ဆက်လက်ရှိနိုင်တယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဘန်လေအသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၄)ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ဒီလိုမှတ်တမ်းဆိုးမျိုးကိုလည်း အသင်းရဲ့သမိုင်းတလျှောက် ၁၉၀၈ခုနှစ်နဲ့ ၁၉၅၉ခုနှစ်တွေမှာ ကြုံတွေ့ခဲ့ဖူးပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညက ဂျီနိုအာအသင်းနဲ့ ကစားခဲ့ရတဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ သူရဲ့ဂျုဗင်တပ်စ်ကစားသမားဘဝ ပွဲတစ်ရာပြည့်အဖြစ် ဝင်ရောက်ကစားခဲ့ရင်း အသင်းအတွက် အနိုင်ဂိုး(၂)ဂိုးကို ပင်နယ်တီနေ သွင်းယူခဲ့ကာ အသင်းအတွက် ပွဲတစ်ရာအတွင်း သူရဲ့သွင်းဂိုးပေါင်းက (၇၉)ဂိုးအထိ ရှိခဲ့ရပါတယ်။