MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘိုင်ယန်မြူးနစ်အသင်း ပြင်သစ်တောင်ပံကစားသမား ကင်စလေကိုးမန်းဟာ ကြွက်သားဒဏ်ရာ ခံစားနေရတာကြောင့် ဒီနေ့ညမှာ ကစားသွားရတော့မယ့် ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

အဲဗာတန်အသင်းဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့ ပေါ်တူဂီညာနောက်ခံကစားသမားလေး ဒါလော့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေလျက်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့တယ်လို့ သိရှိရပါတယ်။

မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဟန်စတာလင်းဟာ မနေ့ညက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်မှာ အဖွင့်ဂိုးကို ရယူခဲ့ပြီးနောက် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံဂိုးတစ်ရာပြည့်မြောက်သွားခဲ့ရပါတယ်။

နာပိုလီအသင်းရဲ့နည်းပြဂတ်တူဆိုက ဒီနေ့ညမှာ သူတို့အသင်းနဲ့ ချန်ပီယံလိဂ်မှယရင်ဆိုင်ကစားရတော့မယ့် ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားလေး ရစ်ကီပွတ်ချ်ရဲ့ခြေစွမ်းပိုင်းကို ချီးကျူးပြောဆိုခဲ့ပြီး သူဘောလုံးကစားတာကို ကြည့်ရှရတာ အရမ်းကိုနှစ်သက်ဖွယ်ကောင်းတယ်လို့ အမွှမ်းတင်သွားခဲ့ပါတယ်။

အပြောင်းအရွှေ့စျေးကွက်အတွင်း ဂိုးသမားသစ်တစ်ယောက် ဝယ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာဂိုးသမား ကတ်စပါရှမိုက်ကယ်နဲ့ သတင်းထွက်ပြီးနောက်မှာ အခုလည်း နာပိုလီအသင်းရဲ့ဂိုးသမားဖြစ်သူ မီရတ်ခ်နဲ့ ထပ်မံသတင်းထွက်လာခဲ့ကာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။