MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့အသင်းခေါင်းဆောင်လည်းဖြစ် အဓိက ကစားသမားလည်းဖြစ်တဲ့ တိုက်စစ်မှူးအူဘာမီယန်းကို စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ အလွန်ကို နီးစပ်လျက်ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းခွဲနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုသွားဖွယ် ရှိနေတယ်လို့ Telegraph သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့အဓိကဂိုးသမားဖြစ်သူ တာစတီဂန်ဟာလည်း အသင်းနဲ့ (၅)နှစ်စာချုပ် ထပ်မံချုပ်ဆိုဖို့ နီးစပ်နေပြီိလို့ သိရှိရပါတယ်။ ဒီဂျာမန်ဂိုးသမားကို ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဘာစီလိုနာကတော့ စတီဂန်ကို ဘယ်နည်းနဲ့မှ ရောင်းထုတ်သွားမှာမဟုတ်ကြောင်း တုန့်ပြန်ပြောဆိုထားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့သဘောထားတွေနဲ့အတူ မဲခွဲဆုံးဖြတ်ခဲ့ပြီးတဲ့နောက် လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေ လူစားလဲခြင်းကို ပြီးခဲ့တဲ့ ကိုဗစ်အလွန်တုန်းက နည်းစနစ်အသစ်တိုင်း (၅)ဦးထိ လဲလှယ်ခွင့်ပြုတော့မှာမဟုတ်ပဲ အရင်လို (၃)ဦးပဲ လဲလှယ်ရတော့မှာဖြစ်ပါတယ်။

ဒီနေ့ညမှာ ကစားသွားရမယ့် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်ရဲ့ လူစာရင်းအတွင်း ဂါရတ်ဘေးလ်မပါဝင်လာရခြင်းဟာ ကစားသမားကိုယ်တိုင်ကိုက ဒီပွဲစဉ်မှာ ဝင်ရောက်ကစားလိုခြင်းမရှိဘူးလို့ ပြောဆိုခဲ့တဲ့အတွက် အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ရီးရဲလ်နည်းပြဇီဒန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဂျုဗင်တပ်စ်နည်းပြ မာရီဇီယိုဆာရီက ဒီနေ့ညမှာ လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်က သူရဲ့ဂျုဗင်တပ်စ်နည်းပြဘဝ နောက်ဆုံးသောပွဲဖြစ်လာမှာမဟုတ်ပဲ သူရဲ့အနာဂတ်ကိုရော ဂျုဗင်တပ်စ်အသင်းရဲ့ပထမအကျော့အရှံးကနေ ဒုတိယအကျော့ တူရင်မြေမှာ ပြန်လည်အနိုင်ရရှိဖို့က အပြည့်အဝယုံကြည်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆီဗီလာအသင်းရဲ့ဘယ်နောက်ခံကစားသမားရယ်ဂီလွန်က လက်ရှိအချိန်မှာ အငှားနဲ့လာရောက်ကစားနေတဲ့ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်အောင်မြင်မှုရရေးကို အာရုံစိုက်လို့နေပြီး ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့် လာလီဂါမှာပဲ ဆက်လက်ကစားဦးမှာဖြစ်တယ်လို့ တုန့်ပြောဆိုလိုက်ပါတယ်။