MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လာမယ့်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ နောရစ်ချ်အသင်းရဲ့ နောက်ခံကစားသမား ဘင်ဂေါ့လ်ဖရီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေကာ ကစားသမားနဲ့လည်း ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ အသင်းနဲ့ ပြန်လည်ပွဲထွက်ကစားပေးနိုင်တော့မယ့် ဘာစီလိုနာနောက်ခံကစားသမား လွန်းဂလတ်က ဘာစီလိုနာအနေနဲ့ နာပိုလီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကို အသေအချာလေး အာရုံစိုက်ထားဖို့ လိုအပ်နေပြီး နာပိုလီကလည်း သူတို့တွေအတွက် အတော်လေးကို ခက်ခဲနေမယ့်အသင်းဖြစ်တယ်လို့ပါ သတိပေးသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ဝါရင့်တောင်ပံကစားသမား ဝီလီယံကတော့ အသင်းဘက်ကနေ ကမ်းလှမ်းလာခဲ့တဲ့ (၂)နှစ်သက်တမ်းတိုး စာချုပ်သစ်ကို ထပ်မံပယ်ချသွားခဲ့ပါတယ်။ ဝီလီယံဟာ သူ့ကို အနည်းဆုံး(၃)နှစ်အထိ သက်တမ်းတိုးစေချင်နေတာဖြစ်ပြီး အသင်းဘက်က (၂)နှစ်ပဲ သက်တမ်းတိုးခဲ့တဲ့အတွက် မကြာခင်မှာပဲ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အခုနွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ လိုအပ်နေပြီး ဒီအတွက် ငွေကြေးအင်အား တောင့်တင်းနေနိုင်အောင် အသင်းက ကစားသမား(၉)ယောက်လောက်အထိကိုလည်း ရောင်းချသွားဖွယ်ရှိနေကာ ဒီကစားသမားတွေထဲမှာ ဂွမ်ဒူဇီ တော်ရဲရား အိုဇေး ဘယ်လာရင် ကိုလာစီနက် လာကာဇက် ဆိုကရေးတစ် ဟိုးဒင်းတို့ ပါဝင်နေပါတယ်။

အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ လက်လွတ်ရဖို့ နီးစပ်လာခဲ့တဲ့ ဒေါ့မွန်အသင်းဟာ လက်ရှိမှာ မန်စီးတီးလူငယ်အသင်းရဲ့ ကစားသမားလေးဖြစ်တဲ့ ဂျိမ်းစ်မီဘိုင်နိုဂစ်တန်စ်ဆိုတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်လေးကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံးအခြေအနေ ရှိနေတယ်လို့ သိရှိရပါတယ်။ အသက်(၁၇)နှစ်သာရှိသေးတဲ့ ဘိုင်နိုဂစ်တန်စ်လို ဆန်ချိုလက်သစ်လို့ပါ တင်စားခေါ်ဆိုနေကြပါတယ်။