MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသားအရောင် ခွဲခြားစော်ကားမှုတွေကို ဆန့်ကျင့်ရှုံ့ချတဲ့အနေနဲ့ ဘောလုံးပွဲတွေ မစတင်ခင်မှာ ဒူးထောက်ပြီး ပြုမှုခဲ့တဲ့ အမှုအကျင့်ကို လာမယ့်ဘောလုံးရာသီသစ်အတွင်းမှာ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲအတွင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့သလို ပရီးမီယားလိဂ် ကလပ်အသင်း(၂၀)သင်းလုံးကလည်း ဒီထုတ်ပြန်ချက်ကို ထောက်ခံသွားခဲ့ကြပါတယ်။

အသက်(၂၈)နှစ်အရွှယ်ရှိ ဆွစ်ဇာလန် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာဟာ လက်ရှိအချိန်မှာ ရိုးမားအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် သူရဲ့လက်ရှိကလပ် အာဆင်နယ်အသင်းမှာသာ ဆက်လက်ပါဝင်ကစားဖွယ် ရှိနေတဲ့အပြင် အသင်းနဲ့ပါ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ပါ နီးစပ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

အဲဗာတန်အသင်းဟာ အသင်းရဲ့ နည်းပြသစ် ရာဖေးလ်ဘင်နီတက်ဇ်ရဲ့ အသင်းအပေါ် ထားရှိတဲ့ အစီအစဉ်တွေအတွင်းမှာ ပါဝင်မှာ မဟုတ်တော့တဲ့ ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အသင်းကနေ လက်လွတ်သွားတော့မှာဖြစ်ပြီး ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့သာ ကမ်းလှမ်းလာတဲ့ အသင်းရှိလာရင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ အနာဂတ် မရေမရာ မသေမချာ ဖြစ်လို့နေတဲ့ စပိန်ကြယ်ပွင့်ကစားသမား မာကိုအဆန်စီယိုကို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ လက်စတာစီးတီး လိဒ်စ်ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

နည်းပြဂျိုဆေးမော်ရင်ဟိုရဲ့ ကလပ်အသင်းသစ်ဖြစ်တဲ့ ရိုးမားအသင်းဟာ ကိုဗစ်ပြသာနာတွေကြောင့် အသင်းစီးပွာရေး ထိခိုက်နေရချိန်မှာ အသင်းရဲ့ ကစားသမား အများအပြားကို နွေစျေးကွက်အတွင်းမှာပဲ ရောင်းထုတ်ရဖွယ် ရှိနေပြီး ပတ်ဒရို ဖာဇီရို အန်ဇွန်ဇီ ဆန်တွန် ဖလော်ရန်ဇီနဲ့ အော်လ်ဆန်တို့လို အတွေ့အကြုံရင့် ကစားသမားတွေ ပါဝင်လျက်ရှိနေပါတယ်။