MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမားသစ် ဖာရန်တောရက်စ်ဟာ အသင်းကေန ထွက်ခွာသွားပြီဖြစ်တဲ့ စပိန်ဂန္တဝင်ကစားသမား ဒေးဗစ်ဆေးဗားရဲ့ ကျောနံပါတ်ဖြစ်တဲ့ ၂၁ကို ဆက်လက်ဝတ်ဆင်သွားမှာဖြစ်ပြီး နောက်ခံလူသစ် နာသန်အကီကတော့ ကျောနံပါတ်၆ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်

ရိုးမားအသင်းရဲ့ ဘရာဇီးနောက်ခံအစွန်လူ ဘရူနိုပီရက်စ် စပိန်တိုက်စစ်ကစားသမားလေး ကားလက်စ်ပီရက်ဇ်နဲ့ နယ်သာလန်တောင်ပံကစားသမား ဂျက်စတင်ကလွိုင်ဗက်တို့နှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သိရှိရပါတယ်။

အေစီမီလန်အသင်းဟာ မနှစ်က ဘောလုံးရာသီရဲ့ ရာသီဝက်အတွင်း ဘုန်းမောက်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ဝါရင့်ဘော့စနီးယားဂိုးသမားကြီး ဘီဂိုဗစ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ဘုန်းမောက်အသင်းနဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

ပီယာလိုလက်သစ်လို့ တင်စားခေါ်ဆိုခံနေရတဲ့ ဘရက်စီယာအသင်းရဲ့ အီတလီလူငယ်ကစားသမား ဆန်ဒရိုတိုနယ်လီကို ခေါ်ယူသွားဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ အလွန်စိတ်ဝင်စားလျက်ရှိနေတဲ့အတွက် ဖုန်းနဲ့ဆက်သွယ်ကာ ကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းမှုက နောက်ကျသွားခဲ့ကာ တိုနယ်လီဟာလည်း အင်တာကိုပဲ ပြောင်းရွေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်စပိန်တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေသလို အသက်လက်တီကိုဘက်ကနေလည်း ကော်စတာကို ရောင်းချသွားဖို့က အဆင့်သင့်ဖြစ်လျက်ရှိနေတာကြောင့် နွေစျေးကွက်အတွင်းမှာ တိုက်စစ်မှူးတစ်ယောက်လောက် ခေါ်ယူသွားဖို့ လိုအပ်နေတဲ့ စပါးအသင်းအနေနဲ့ ကော်စတာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပြီး အပြောင်းအရွှေ့သာ ဖြစ်ခဲ့မယ်ဆိုရင် ကော်စတာဟာ မော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲခွင့်ရတော့မှာပဲဖြစ်ပါတယ်။