MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြသစ်ပီယာလိုဟာ သူရဲ့စီမံကိန်းထဲမှာ ပါဝင်သွားမှာမဟုတ်တဲ့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးကြီး ဂွန်ဇာလိုဟီဂွာအင်နဲ့ ဂျာမန်ကွင်းလယ်လူ ဆာမီခီဒီရာတို့နှစ်ယောက်ကို စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့် ကစားသမားနှစ်ဦးလုံးဟာ အသင်းသစ်တွေဆီကို အလွတ်ပြောင်းရွှေ့ကြေး ပြောင်းရွှေ့ကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ သြစတြီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာသီကြိုစခန်းတွင်း လေ့ကျင့်မှုအစီအစဉ်အတွင်း အသင်းဖော်တစ်ဦးနဲ့ ထိခိုက်မိရာကနေ ဒူးဒဏ်ရာရရှိသွားခဲ့တာကြောင့် လေ့ကျင့်ရေးအစီအစဉ်ကနေ ထွက်ခွာခဲ့ရပြီး ရက်အနည်းငယ်လောက် အနားယူရဖွယ်ရှိနေတာကြောင့် စတုဂတ် ဆာလ်ဇ်ဘာ့ဂ်အသင်းတို့နဲ့ ကစားသွားရမယ့် ရာသီကြိုခြေစမ်းပွဲစဉ်တွေကို လွဲချော်ရတော့မှာပဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဘရိုက်တန်အသင်းရဲ့အသင်းခေါင်းဆောင် နောက်ခံကစားသမား လူးဝစ်ဒန့်ကတော့ သတင်းတွေ ထွက်ပေါ်နေသလို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားချင်မရှိပဲ သူရဲ့ဘရိုက်တန်အသင်းနဲ့သာ (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ထပ်တိုးချုပ်ဆိုသွားခဲ့ပါတယ်။

စပိန်ရေဒီယိုတစ်ခုကနေ ထုတ်ပြန်လာချက်များအရ ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမားကြီး ဂျရတ်ပီကေးကို ဘာစီလိုနာဘက်ကနေ ရောင်းထုတ်သွားမှာမဟုတ်ပဲ တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ် ကွင်းလယ်ကစားသမား ဆာဂျီယိုဘူးစကတ်စ်နဲ့ ဘယ်နောက်ခံကစားသမား ဂျော်ဒီအယ်ဘာတို့ကိုတော့ အသင်းမှာ ဆက်ထားသွားမလား ရောင်းချသွားမလားဆိုတာကို မကြာခင်မှာပဲ ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။

၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ရက်ပိုင်းလောက်အလိုမှာပဲ စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရသလို ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖြစ်ချိန်မှာလည်း (၄)လအတွင်းမှာပဲ ထပ်မံထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြလိုပက်တယ်လီဟာ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုကို အရယူပေးခဲ့ပြီး သူရဲ့နည်းပြဘဝ ပထမဆုံးသော ဆုဖလားတစ်လုံးကို စတင်ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။