MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ နည်းပြရော်နယ်ကိုးမန်းက အသင်းနဲ့အတူ ပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်းမှာ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီအနေနဲ့ သူရဲ့အနာဂတ်နဲ့ ဘာတွေကို စဉ်းစားတွေးတောထားသလဲဆိုတာကို သိရှိချင်နေပြီး အသင်းမှာပဲ ဆက်လက်ရှိနေစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်လောက်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ လာမာစီယာအကယ်ဒမီထွက် ဘာစီလိုနာလူငယ်ခံစစ်ကစားသမားလေး မက်ဟူရာဒိုဟာ ယူနိုက်တက်အသင်းဆီကို တရားဝင်ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းမီဒီယာများစွာကနေ ဖော်ပြလာခဲ့ပါတယ်။

မကြာခင်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်ဘရာဇီး နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားရဲ့အေးဂျင့်ဖြစ်သူက ချယ်လ်ဆီးအသင်းနဲ့ ချိတ်ဆက်ထားပြီး သူတို့ကစားသမားခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေကာ လမ်းပတ်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားဖွယ်သာ ရှိနေပါတယ်။

နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့စီမံကိန်းအသစ်ထဲမှာ ပါဝင်လာဖွယ်မရှိတော့တဲ့ ဝါရင့်စပိန်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန်တန်းတတ်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းကနေ အံ့အားသင့်စဖွယ် စိတ်ဝင်စားလျက်ရှိနေပြီး ကမ်းလှမ်းမှုတွေကိုတောင် ပြုလုပ်လာဖွယ်ရှိနေတယ်လို့ Libero ကနေ ဖော်ပြထားခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ လိုင်ယွန်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဖိုင်နယ်တတ်လှှမ်းသွားခဲ့တဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခဲ့သမျှ (၁၀)ပွဲလုံးကို အနိုင်ယူခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းတလျှောက် (၁၀)ပွဲဆက်တိုက်လုံး အနိုင်ရခဲ့တဲ့ ပထမဆုံးသော ကလပ်အသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။