MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ဥက္ကဌဖြစ်သူ ဘာတိုမြူရဲ့အသင်းနဲ့ အင်တာဗျူးအစီအစဥ်အတွင်း အသင်းကနေ လုံးဝရောင်းချသွားမှာမဟုတ်တဲ့ ကစားသမားအနည်းငယ်ရဲ့စာရင်းထဲမှာ ပါဝင်လာခြင်းမရှိတဲ့ ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ အေဂျက်စ်အသင်းကနေ ပြန်လည်ခေါ်ဆောင်နေပြီး ဆွာရက်ဇ်ရဲ့အေးဂျင့်နဲ့ပါ ချိတ်ဆက်နေပြီလို့ သတင်းတွေ ထွက်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်ကစားစမားဟောင်းကြီးလည်းဖြစ် လက်ရှိအသင်းရဲ့ယူ-19 အသင်းရဲ့နည်းပြလည်းဖြစ်တဲ့ ရာအူးဂွန်ဇာလက်ဇ်က သူတို့ရီးရဲလ်လူငယ်အသင်းဟာ ယူအီးအက်အေ လူငယ်ဖလားပြိုင်ပွဲမှာ တစ်ခါမှ ဗိုလ်မစွဲထားနိုင်ခဲ့ဖူးတာကြောင့် ဒီနှစ်မှာ အောင်မြင်မှုအရယူဆောင်သွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြဖြစ်သူ ဟန်ဆီဖလစ်က ဒဏ်ရာပြသာနာတွေကြောင့် ချန်ပီယံလိဂ်ပွဲစဥ်တွေကို လွဲချော်ထားခဲ့ရတဲ့ အသင်းရဲ့နောက်ခံအစွန်ကစားသမား ဘင်ဂျမင်ပါဗတ်က ဒီနေ့ညမှာ ယှဥ်ပြိုင်ကစားရမယ့် လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ပြန်လည်ပါဝင်ကစားနိုင်ဖို့အတွက် ကြံခိုင်မှုတွေ ပြည့်ဝနေပြီလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

စကော့တလန်ထိပ်သီး ကလပ်အသင်းဖြစ်တဲ့ ဆဲလ်တစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ပထမအဆင့် ခြေစစ်ပွဲအတွင်းမှာ အိုက်စလန်ကလပ်အသင်း KR Reykjavik အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၆)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာကြောင့် ခြေစစ်ပွဲ ဒုတိယအဆင့်ဆီကို တတ်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်လို့နေတဲ့ နည်းပြရော်နယ်ကိုးမန်းက ကစားသမားဘဝတုန်းက ပါဝင်ကစားခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းမှာ နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်တော့မှာဖြစ်လို့ သူရဲ့နေရာအတွက် အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာဆင်ဝင်းဂါးကို အစားထိုးခန့်အပ်သွားဖို့အတွက် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။