MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနှစ်က ဘောလုံးရာသီမှာ အေစီမီလန်အသင်းဆီကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီးမှ ပျက်ပြယ်ခဲ့ရတဲ့ ဝီဂန်နောက်ခံကစားသမားလေး အန်တိုနီရောဘတ်ဆန်ကို လက်ရှိမှာ အဲဗာတန်နဲ့ ဖူလ်ဟမ်အသင်းတို့ကနေ အပြိုင်ကမ်းလှမ်းနေကြပြီး အဲဗာတန်အသင်းကို ပြောင်းရွှေ့ကစားဖို့ ပယ်ချခဲ့တာကြောင့် ဖူလ်ဟမ်အသင်းဆီ ရောက်ရှိလာဖို့က အလွန်ကို နီးစပ်သွားခဲ့ရပါတယ်။

အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အခြားကလပ်အသင်းသစ်တစ်သင်းဆီ ပြောင်းရွှေ့ကစားတော့မယ့် ဝါရင့်စပိန်ကွင်းလယ်ကစားသမားကြီး ဒေးဗစ်ဆေးဗားအတွက် မန်စီးတီးအသင်းဘက်ကနေ အမှတ်တရရုပ်တုတစ်ခုထိ ဖန်တီးသွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရှိရပါတယ်။ ဆေးဗားဟာ လက်ရှိမှာ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်အသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ​ရောက်ရှိသွားခဲ့ပြီလို့လည်း သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းက အသင်းရဲ့ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ရဲ့နေရာ ရေရှည်အစားထိုးသွားနိုင်မယ့် ခံစစ်ကစားသမားလေးတစ်ယောက်ကို ရှာဖွေလျက်ရှိနေရာ လိုက်ပ်ဇစ်အသင်းမှာ ခြေစွမ်းပြသလို့နေတဲ့ ပြင်သစ်နောက်ခံလူ ဒေးယော့အူပယ်မီကာနိုကို စိတ်ဝင်စားလျက်ရှိနေပြီး မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ မလွယ်ကူတော့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ထပ်တောင်ပံကစားသမားတစ်ယောက်အဖြစ် ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲတော့မယ့် ဒေါက်ဂလပ်ကော်စတာကိုပါ ပစ်မှတ်ထားလို့နေပြီး ကော်စဟာလည်း ယူနိုက်တက်ရဲ့ပစ်မှတ်ဟောင်းတစ်ယောက်ဖြစ်ပေမယ့် လာမယ့်စက်တင်ဘာမှာ အသက်(၃၀)ပြည့်တော့မှာဖြစ်ပါတယ်။

အသင်းရဲ့နံပါတ်တစ်ဂိုးသမား ကတ်စပါရှမိုက်ကယ်ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကနေ အပြိုင်ပစ်မှတ်ထားနေကြတဲ့အတွက် ရှမိုက်ကယ်ကို အသင်းကနေ ရောင်းထုတ်ရမယ်ဆိုရင် ပီအက်စ်ဂျီအသင်းဆီမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေရတဲ့ ဆီဗီလာအသင်းရဲ့စပိန်ဂိုးသမား ဆာဂျီယိုရစ်ကိုနဲ့ အစားထိုးသွားဖို့ ပစ်မှတ်ထားနေပါတယ်။