MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပီအက်စ်ဂျီအသင်းရဲ့ဂိုးသမား ကေလာနာဗက်စ်ဟာ အတ္တလန်တာအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအတွင်း ရရှိသွားခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် အာဘီလိုက်ပ်ဇစ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Esporte Interativo သတင်းမီဒီယာရဲ့ဖော်ပြချက်များအရ ဘာစီလိုနာ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ အသင်းရဲ့ကျရှံးမှုတွေအပေါ် အလွန်စိတ်ပျက်လွန်းနေပြီး သူရဲ့စာချုပ်သက်တမ်းမကုန်ဆုံးခင် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဘာစီလိုနာအသင်းဆီ တောင်းဆိုထားကြောင်း သိရှိရပါတယ်။

ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းကနေ ရစ်ဘာရီကို ခေါ်ယူခဲ့သလို ဒီရာသီမှာ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်တော့မယ့် ဝါရင့်စပိန်ကွင်းလယ်ခံစစ်ကစားသမားလေး ဂျာဗီမာတီနက်ဇ်ကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေကြပြီဖြစ်ပြီး ကစားသမားရဲ့လစာမြင့်မားလွန်းမှုကြောင့်တော့ အပြီးသတ်နိုင်ဖို့က ခက်ခဲနေရပါတယ်။

ဒေါ့မွန်အသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် မနေ့ညက သြစတြီးယားကလပ် သြစတြီးယားဝီအန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒေါ့မွန်အသင်းက (၁၁)ဂိုး(၂)ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးထွက်ပေါ်ခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုက (၁)ဂိုးသွင်းယူကာ (၄)ဂိုးတောင် ဖန်တီးပေးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့အတွက် အဓိကပစ်မှတ်ထားခံနေရတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဂါနာကွင်းလယ်ကစားသမား သောမတ်စ်ပါတေးကို အာဆင်နယ်အသင်းဆီ မပြောင်းရွှေ့ဖို့ ဂါနာလက်ရွေးစင်နည်းပြ တိုက်တွန်းခဲ့ပြီး အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတဲ့အသင်းဖြစ်လို့ အသက်လက်တီကိုမှာပဲ ဆက်နေသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။