MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်မစတင်ခင်မှာ စပါးအသင်းက သြဂုတ်(၂၂) (၂၈)နဲ့ (၂၉)ရက်နေ့တွေမှာ အစ်ချ်ဝစ် ရီဒင်း ဘာမင်ဂမ်အသင်းတို့နဲ့ ခြေစမ်းပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲဲဗာတန်အသင်းကတော့ သြဂုတ်(၂၂)ရက်နေ့နဲ့ စက်တင်ဘာ(၁)ရက်နေ့များမှာ ဘလက်ပူး ဘလက်ဘန်းအသင်းတို့နဲ့ ခြေစမ်းမှာဖြစ်ပါတယ်။

ဘိုင်ယန်ကို အရှက်တကွဲ အကျိုးနည်းနဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းရဲ့ နောက်ခံကစားသမားကြီး ဂျရတ်ပီကေးက အသင်းအနေနဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဒါက နည်းပြပြောင်းဖို့ပဲသက်သက် ကစားသမားပြောင်းလဲဖို့သက်သက်ကို ဆိုလိုတာမဟုတ်ပဲ အားလုံးပြောင်းလဲဖို့ လိုအပ်နေတာဖြစ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

ဗာတွန်ဂန်ကို ခေါ်ယူနိုင်ခဲ့လိုက်တဲ့ ဘင်ဖီကာအသင်းဟာ နောက်ထပ်ကစားသမားခေါ်ယူမှုအဖြစ် ဘရာဇီးကလပ် ဂရီမီယိုအသင်းရဲ့အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးတောင်ပံကစားသမား အဲဗာတန်ကိုလည်း ယူရိုသန်း(၂၀)နဲ့ ထပ်မံခေါ်ယူနိုင်ခဲ့ပြန်ပါတယ်။

လီဗာပူးလ်အသင်းရဲ့အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လီဗာပူးလ်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း ကလပ်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးတဲ့နောက်မှာ အနည်းဆုံး နောက်ထပ် ကစားသမားသစ်နှစ်ယောက်လောက် ထပ်မံခေါ်ယူသွားဖို့ အစီအစဉ်ရှိလို့နေပြီး လတ်တလောမှာတော့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေးကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလို့နေပါတယ်။