MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့က သတင်းတွေမှာ ထွက်ပေါ်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်ဆိုတဲ့ ဘာစီလိုနာကစားသမားတစ်ယောက်ဆိုတာဟာ ဘွန်ဒစ်လီဂါကလပ် ရှော်ကေးအသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ နောက်ခံလူတိုဒီဘိုဖြစ်ကာ အငှားစာချုပ် ပြည့်မြောက်သွားချိန်ဖြစ်လို့ အသင်းနဲ့ ပြန်လည်ပူးပေါင်းရင်းနဲ့ ပိုးကူးစက်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ကာ ချန်ပီယံလိဂ်မှာ ပါဝင်ကစားနေသူများနဲ့ ထိတွေ့ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ပွဲပြီးဆုံးဖို့ မိနစ်ပေါင်းအလိုမှာ သွင်းယူခဲ့ကြတဲ့ နောက်ခံလူမာကွင်ဟို့စ်နဲ့ တိုက်စစ်မှူးချူပိုမိုတင်းတို့ရဲ့အဖိုးတန်သွင်းဂိုးတွေနဲ့ အတ္တလန်တာအသင်းကို အနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တတ်လှမ်းခဲ့ပြီဖြစ်ပြီး ဒါဟာ ၁၉၉၅ခုနှစ်နောက်ပိုင်း ဆီမီးဖိုင်နယ်အဆင့်ဆီကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ တောက်လျှောက်ထွက်ပေါ်နေခဲ့ပေမယ့်လည်း အခုထိ အပြီးသတ်ခေါ်ယူနိုင်ခြင်းမရှိသေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာရိုအယ်ကန်တာရာကို လက်ရှိအချိန်မှာ မန်စီးတီးအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး သီယာဂိုကလည်း သူရဲ့ဆရာဟောင်းဂွာဒီယိုလာနဲ့ ပြန်လည်လက်တွဲဖို့ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။

နွေစျေးကွက်တလျှောက်လုံး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ဖြစ်ခဲ့တဲ့ ဒေါ့မွန်တောင်ပံကစားသမားဂျေဒန်ဆန်ချိုကတော့ သူရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြောဆိုမှုတွေလုပ်ဆောင်လာခဲ့ကာ ဒေါ့မွန်မှာ ဆက်ရှိနေရလို့ ဝမ်းသာရပြီး အသင်းက လူငယ်ကစားသမားတွေနဲ့ နောက်ထပ်ဘောလုံးရာသီတွေကို ဖြတ်သန်းရမှာ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးဗားက သူတို့မန်စီးတီးက ရေပန်းအစားဆုံး အသင်းဖြစ်နေပေမယ့် သူတို့အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံသွားရမယ့် လိုင်ယွန်အသင်းကို လျှော့တွက်ထားလို့မရကြောင်းနဲ့ ပြိုင်ဘက်ကို အထင်သေးမိရင် ဒုက္ခရောက်သွားနိုင်မှာဖြစ်ကြောင်း အသင်းဖော်တွေကို သတိပေးစကားဆိုလိုက်ပါတယ်။