MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လိုင်လီအသင်းဟာ နာပိုလီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး တိုက်စစ်ကစားသမား အိုဆီမန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘယ်ဂျီယံကလပ် KAA ဂျန့်အသင်းရဲ့ အသက်(၂၀)အရွှယ်ရှိ ကနေဒါတိုက်စစ်မှူး ဂျိုနသန်ဒေးဗီစ်ကို ပြောင်းရွှေ့ကြေး ယူရို(၃၁.၅)သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားရတော့မှာဖြစ်ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်ကစားသမားတစ်ယောက်ကို အလိုရှိနေပြီး လက်ရှိမှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ကို ပစ်မှတ်ထားလျက်ရှိနေကာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဒေါက်ကလပ်ကော်စတာကို အလိုက်ပေးပြီး ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာာတားဖိုင်နယ်ပွဲစဉ်အတွင်းမှာ ပါဝင်ကစားနိုင်ဖို့အတွက် ကြံခိုင်မှုပြည့်ဝနေတဲ့ အနေအထားမှာရှိနေတဲ့အတွက် အသင်းရဲ့လူစာရင်းအတွင်း ပါဝင်လာနိုင်တယ်လို့ နည်းပြတူချယ်က ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းတတ်လာခွင့်ရဖို့ နီးစပ်ခဲ့ပြီးမှ ပလေးအော့ဖိုင်နယ်ပွဲမှာ ဖူလ်ဟမ်ကို အရေးနိမ့်ပြီး ချန်ပီယံရှစ်မှာ ကျန်ရစ်ခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းက အယ်ဂျီးရီးယားတိုက်စစ်ကစားသမား ဘင်ရာမာကို လိဒ်စ်ယူနိုက်တက်နဲ့ အက်စတွန်ဗီလာအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြသလို ကစားသမားကိုယ်တိုင်ကလည်း နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းဆီမှာ တစ်ရာသီအငှားချခဲ့တဲ့ သူတို့ရဲ့စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်ယို့စ်ကို အသင်းဆီသာ ပြန်လည်ခေါ်ဆောင်တော့မှာဖြစ်ပြီး လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့လူစာရင်းထည့်သွင်းသုံးစွဲဖွယ်ရှိနေတာကြောင့် အာဆင်နယ်တို့ စီဘယ်ယို့စ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်က အဆုံးသတ်သွားရနိုင်ပါတယ်။