MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အိုလံပီယာကော့စ်အသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ အသက်(၂၄)နှစ်အရွှယ်ရှိ ဂရိလက်ရွေးစင် ဘယ်နောက်ခံကစားသမား ဆီမီကက်စ်ကို လီဗာပူးလ်အသင်းဘက်ကနေ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ်(၂၁)ကို ပေးအပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ်ကို နှစ်ပေါင်းများစွာကြာမှ တန်းပြန်တတ်လာနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းရဲ့ဘယ်တောင်ပံကစားသမား ဂျက်ဟာရီဆန်ကို တစ်ရာသီအငှားစာချုပ်နဲ့ ထပ်မံခေါ်ယူခဲ့ပြီး ဝီဂန်အသင်းရဲ့ဆယ်ကျော်သက်အရွှယ် တိုက်စစ်ကစားသမားလေး ဂျိုးဂယ်လတ်ဒ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂျပန်လူငယ်ကစားသမားလေး ကူဘိုကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီလို့ သိရှိရပါတယ်။ ဆယ်ကျော်သက်အရွှယ် ဂျပန်တိုက်စစ်ကစားသမားလေးကူဘိုဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မာယော့ကာအသင်းမှာ အငှားကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါသေးတယ်။

ဘန်လေအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် အသင်းလက်မဲ့ဖြစ်နေရတဲ့ အိုင်ယာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျက်ဟန်းဒရစ်ဟာ သတင်းတွေ ထွက်ပေါ်နေသလို အေစီမီလန်အသင်းနဲ့ ပူးပေါင်းခြင်းမရှိပဲ နယူးကာဆဲလ်ယူနိုက်တက်အသင်းဆီကိုပဲ အလွတ်ပြောင်းရွှေ့ောကးနဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ခရိုအေးရှားလက်ရွေးစင် နောက်ခံကစားသမား ဗာဂျယ်ကိုက သူအနေနဲ့ လက်ရှိအချိန်မှာ ဘာရောဂါလက္ခဏမှ မခံစားရနေရပဲ နေရထိုင်ရတာ အားလုံးအဆင်ပြေတယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။ လက်ရှိမှာ အသက်လက်တီကိုအသင်းရဲ့ကစားသမား(၂)ဦးဖြစ်တဲ့ ကော်ရီရာနဲ့ ဗာဂျယ်ကိုတို့နှစ်ယောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရပါတယ်။