MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချန်ပီယံလိဂ်ရဲ့ဒီတစ်ပတ်တာအတွင်း အကောင်းဆုံးကစားသမား(၁၁)ယောက်စာရင်းကို ၃-၄-၃ ကစားကွက်နဲ့ ရွေးချယ်ခဲ့ရာ ဂိုးသမားနေရာမှာ နူအာ(ဘိုင်ယန်) နောက်တန်းမှာ ဆီမီဒို(ဘာစီ) လွန်းဂလတ်(ဘာစီ)နဲ့ အိုဇရီဇိုလာ(ဘိုင်ယန်) ကွင်းလယ်မှာ ပါရီဆစ်(ဘိုင်ယန်) တိုလစ်ဆို(ဘိုင်ယန်) ရာကီတစ်(ဘာစီ) စတာလင်း(မန်စီးတီး)နဲ့ တိုက်စစ်မှာတော့ ဂျေဆူး(မန်စီးတီး) လီဝန်ဒေါစကီး(ဘိုင်ယန်)နဲ့ ရော်နယ်ဒို(ဂျုဗင်တပ်စ်)တို့ ရွေးချယ်ခဲ့ခံရပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဆင်နွဲရတော့မယ့် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ကစားသမား(၂)ဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို တွေ့ရှိရတဲ့အတွက် သူတို့နှစ်ဦးကို အသင်းနဲ့အတူ ပေါ်တူဂီနိုင်ငံကို ခေါ်ဆောင်သွားခြင်းမရှိပဲ စပိန်မှာသာ သီးသန့်ထားပြီး ကုသမှုခံယူနေတယ်လို့ သိရှိရပါတယ်။ သတင်းတော်တော်များများမှာတော့ ကစားသမားလား ဝန်ထမ်းလားဆိုတာကို သေသေချာချာ မဖော်ပြထားနိုင်သေးပေမယ့် အသင်းနဲ့အတူ ပေါ်တူဂီနိုင်ငံကို မထွက်ခွာခင် တစ်ရက်အလိုမှာ ဗိုင်းရပ်စ်ကူးစက်နေမှန်း သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ပြင်သစ်လူငယ် ကွင်းလယ်ကစားသမား မက်တီအိုဂွမ်ဒူဇီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အာဆင်နယ်အသင်းကလည်း သူတို့ရဲ့ကစားသမားအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရှိရပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းကနေ အငှားစာချုပ်ပြည့်လို့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ဂိုးသမားဒင်းဟန်ဒါဆန် ပြန်ရောက်လာတဲ့အခါ ဒေးဗစ်ဒီဂီယာ ရိုမဲရိုးနဲ့ ဒင်းဟန်ဒါဆန်တို့ ဂိုးသမား(၃)ဦးလုံးကို အသင်းမှာ ဆက်လက်ရှိနေနိုင်အောင် ထိန်းသိမ်းဖို့ ခက်ခဲနိုင်ပြီး ပွဲထွက်ဂိုးသမားအဖြစ် ရွေးချယ်ရမှာလည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချရနိုင်တယ်လို့ ဆိုးလ်ရှားက ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနွေစျေးကွက်အတွင်းမှာ မန်စီးတီးအသင်းရဲ့ Playmaker ကစားသမား ဘာနာဒိုဆေးဗားကို အရခေါ်ယူသွားဖို့ ပစ်မှတ်ထားနေလျက်ရှိပြီး အသင်းကို ပြောင်းရွှေ့လာနိုင်ဖို့အတွက်လည်း မက်လုံးတစ်ခုအနေနဲ့ ပွဲထွက်ကစားသမားနေရာ အာမခံချက်ပေးသွားမယ့် ကမ်းလှမ်းမှုမျိုးကိုပါ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။