MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဧပြီလ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီး လက်ရှိမှာလည်း အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေနိုင်ပြီဖြစ်တာကြောင့် စတမ်းဖိုဒ့်ဘရစ်ချ်မှာ သွားရောက်ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအတွင်း ပြန်လည်ပါဝင်လာဖွယ် ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေရာ အခြေအနေ ကောင်းနေပေမယ့် စာချုပ်ကိစ္စ ဒီထက်အခြေအနေ ကောင်းလာဖို့က ဂျုဗင်တပ်စ်အသင်းအနေနဲ့ ဒီရာသီမှာ စီးရီးအေပြိုင်ပွဲအတွင်း အဆင့်(၄)ထဲကို ဝင်ရောက်နိုင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

အိုင်ယာလန် ကွင်းလယ်ကစားသမားဟောင်းကြီး ဒါမီယန်ဒပ်ဖ်က ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်က ပရော်ဖက်ရှင်နယ် မပီသသော ကစားသမားတစ်ယောက်ဖြစ်လို့ ဘယ်တော့မှ ထိပ်တန်းအဆင့်ကို ရောက်လာမှာမဟုတ်သလို ရီးယဲလ်က သူ့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာလည်း အလဟာသ ဖြစ်ခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဂယက်တွေ ရှိလို့နေပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီရဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကိုတော့ ကျင်းပဖို့ စီစဉ်ထားပြီးသားဖြစ်တဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က Ataturk Olympic ကွင်းမှာသာ ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ တမ်မီအေဘရာဟမ်နဲ့ အိုလီဗာဂျရူးတို့ (၂)ယောက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေကြပြီး အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ကလည်း တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတဲ့အတွက် ဒီကစားမားတွေကို ရောင်းချဖွယ် ရှိနေပါတယ်။