လာလီဂါ ပြိုင်ပွဲက အက်သလက်တီကို မက်ဒရစ်အသင်းဟာ အသင်းက ထွက်ခွာဖို့ တောင်းဆိုခဲ့တဲ့ တိုက်စစ်မှူး မိုရာတာကို အငှားနဲ့ ရောင်းချချင်နေတာ ဖြစ်ပြီး မိုရာတာကို အငှားနဲ့ ရောင်းဖို့အတွက် စီးရီးအေ ပြိုင်ပွဲက ဂျုဗင်တပ်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဂျုဗင်တပ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်နဲ့ လမ်းခွဲခဲ့ပြီ ဖြစ်ပြီး ဟီဂူအင်အနေနဲ့လည်း အမေရိကန် အခြေစိုက် ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းကို ပြောင်းရွေ့သွားပြီ ဖြစ်တာကြောင့် ဟီဂူအင်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဂျုဗင်တပ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် လာလီဂါ ကလပ် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်စ် နဲ့ အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့အတွက် လက်ရှိမှာ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အခုလည်း Marca သတင်းက မိုရာတာဟာ အက်သလက်တီကိုအသင်းကို အသင်းကနေ ထွက်ဖို့ တောင်းဆိုသွားခဲ့ပြီး အက်သလက်တီကိုအသင်းက တိုက်စစ်မှူး မိုရာတာကို ဂျုဗင်တပ်အသင်းဆီ ရောင်းချဖို့ ဂျုဗင်တပ်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ အခိုင်အမာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

နည်းပြ ဆာရီရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံရတဲ့ နည်းပြ ပီယာလိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဂျုဗင်တပ်အသင်းအတွက် ကစားခဲ့စဉ်က အသင်းဖော်တွေ အဖြစ် တွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး မိုရာတာကို အက်လသက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ ဆန္ဒပြင်းပြနေလျက် ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်း နဲ့ ဂျုဗင်တပ်အသင်းကြားမှာ ဘာသဘောတူညီမှု မရရှိကြသေးပေမယ့် တိုက်စစ်မှူး မိုရာတာက အီတလီနိုင်ငံကို ပြောင်းရွှေ့ချင်နေပြီး အက်သလက်တီကိုအသင်းကလည်း တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူနိုင်ဖို့အတွက် မိုရာတာကို အငှားနဲ့ ရောင်းချင်နေတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး မိုရာတာဟာ ပြီးခဲ့တဲ့ ရာသီအကုန်ပိုင်းမှာ နည်းပြ ဆီမြွန်က သူ့ထက် ကော်စတာကိုပဲ အဓိက အသုံးပြုလာခဲ့တာကြောင့် အက်သလက်တီကိုအသင်းကနေ ထွက်သွားချင်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဂျုဗင်တပ်အသင်းကို အငှားနဲ့ ရောက်ရှိလာဖို့ အလွန် နီးစပ်နေတာပဲ ဖြစ်ပါတယ်။