အက်သလက်တီကို တိုက်စစ်မှူး မိုရာတာကတော့ မနေ့ည ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးလ်အသင်းကို (၁-ဝ) နဲ့ အနိုင်ရပြီးနောက် နောက်တစ်ဆင့်မှာ အသင်းဟောင်း ဂျုဗင်တပ်အသင်းနဲ့ မတွေ့ချင်ပါဘူးလို့ ပြောသွားပါတယ်။ မိုရာတာဟာ ဂျုဗင်တပ်အသင်းမှာ (၂၀၁၄) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အထိ ကစားခဲ့ဖူးပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းကနေ အက်သလက်တီကိုအသင်းကို အငှားနဲ့ သွားရောက် ကစားနေပါတယ်။

Photo Credit: Goal

အက်သလက်တီကိုအသင်းဟာ ပွဲအစ (၄) မိနစ်မှာ လီဗာပူးလ်အသင်းကို ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး လက်ကျန် ပွဲချိန်တွေကို အကောင်းဆုံး ခံစစ်ပုံစံနဲ့ ခုခံ ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ဒုတိယအကျော့ ပွဲစဉ်ကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်ပေမဲ့ တိုက်စစ်မှူး မိုရာတာကတော့ နောက်တစ်ဆင့် တက်သွားနိုင်ဖို့အတွက် မျှော်လင့်နေပြီး နောက်တစ်ဆင့်မှာ ဂျုဗင်တပ်အသင်းနဲ့ ထပ်ပြီး မတွေ့ချင်ပါဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Sky Sport Italia မှာ မိုရာတာက “လီဗာပူးလ်အသင်း နဲ့ ဂျုဗင်တပ်အသင်းတို့က အကောင်းဆုံးအသင်း ဖြစ်ကြမယ်လို့ ကျွန်တော် ထင်တယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂျုဗင်တပ်အသင်းနဲ့တော့ ထပ်ပြီးမတွေ့ချင်တော့ပါဘူး။ ဂျုဗင်တပ်အသင်း၊ လီဗာပူးလ်အသင်း နဲ့ ပီအက်စ်ဂျီအသင်းတို့က ချန်ပီယံလိဂ် ဖလားကို ရရှိဖို့ ရေပန်းစားကြပါတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘာတစ်ခုမှ သေချာနေတာ မရှိပါဘူး”လို့ အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။