MySport Myanmar

ရော်နယ်လ်ဒိုကြောင့် တိုးတတ်မှုတွေ ရှိလာခဲ့တယ်လို့ မွိုက်စ်ကင်း ဖွင့်ဟ

ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီ တိုက်စစ်ကစားသမားလေး မွိုက်စ်ကင်းက ဂျုဗင်တပ်စ် ကစားသမားဟောင်းကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုက သူ့ကို တိုးတတ်လာအောင် ကူညီပေးခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Juventus FC

ပေါ်တူဂီ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက ရီးယဲလ်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို ယူရိုသန်းတစ်ရာနဲ့ ပြောင်းရွှေ့ပြီး စီးရီးအေ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ရော်နယ်လ်ဒိုဟာ ဂျုဗင်တပ်စ် တိုက်စစ်မှာ ဒီဘားလား ဟီဂွာအင်တို့အပြင် လူငယ် ကစားသမားလေး မွိုက်စ်ကင်းနဲ့ပါ တွဲဖက် ကစားခဲ့ရပါသေးတယ်။ ရော်နယ်လ်ဒိုလို GOAT ကြီး တစ်ဦးနဲ့ အတူ ကစားခွင့်ရခဲ့တဲ့ ကင်းက ရော်နယ်လ်ဒိုဟာ သူ့ကို တိုးတတ်မှုတွေ ရှိလာအောင် ကူညီပေးနိုင်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

“ခရစ္စတီယာရော်နယ်လ်ဒိုလား။ သူက ကျွန်တော့်ကို တိုးတတ်လာအောင် ကူညီပေးခဲ့တယ်။ တကယ်လို့ ခင်ဗျားက ပွဲကစားနေတဲ့အချိန် ခင်ဗျားမှာ ရှိနေသလောက် မလုပ်ပြနိုင်ဘူးဆိုရင် လေ့ကျင့်ရေးကွင်းမှာ ကစားနေတာပဲဖြစ်ဖြစ် သူက ခင်ဗျားကို ရှတ်ချ ပြစ်တင်လိမ့်မယ်” လို့ Corriere dello Sport မှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အီတလီ-အိုင်ဗရီကို့စ်နွယ်ဖွား မွိုက်စ်ကင်းဟာ အသက်(၁၆)နှစ်အရွယ်မှာပဲ ဂျုဗင်တပ်စ်အသင်းအတွက် စတင် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ဥရောပမှာ ထွန်းတောက်လာမယ့် ဆယ်ကျော်သက် ကြယ်ပွင့်လေးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်ပဲ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ခဲ့ရသလို ၂၀၂၁ခုနှစ်မှ ဂျုဗင်တပ်စ်ဆီ (၂)ရာသီအငှားနဲ့ ပြန်ရောက်လာခဲ့ပြီး ပြီးခဲ့တဲ့ မတ်လကပဲ အသင်းက အပြီးသတ် ပြန်လည် ခေါ်ယူခဲ့ပါတယ်။

Exit mobile version