လီဗာပူးလ် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ဒီနှစ် နွေဈေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာမဟုတ်ပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်ထိ တစ်ရာသီ ဆက်လက်ကစားသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောဆိုထားခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းနဲ့တော့ စာချုပ်သက်တမ်း တိုးမြှင်တော့မှာ မဟုတ်ပဲ လာမယ့် ၂၀၂၃ခုနှစ် နွေဈေးကွက်မှသာ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Mohamed Salah is out of contract at Liverpool next year

Photo Credit : Mirror

အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဆာလာဟာ အသင်းဖော် မာနေးနဲ့အတူ အသင်းမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး လီဗာပူးလ်အသင်းဘက်က ဒီကစားသမားနှစ်ဦးလုံးကို သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားနှစ်ဦးလုံးက အသင်းနဲ့ သက်တမ်းတိုးဖို့ကို ဆန္ဒမရှိပဲ မာနေးက ဒီနွေမှာပဲ အသင်းကနေ ထွက်ခွာချင်နေသလို ဆာလာကတော့ ဒီတစ်ရာသီ အသင်းနဲ့ ဆက်လက်ဖြတ်သန်းပြီးမှ နောက်နှစ်မှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Mirror

ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ပဲ စာချုပ်သက်တမ်း တိုးမြှင့်သွားမှာဖြစ်တယ်လို့ သူရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေကို အသိပေးထားခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ နှုတ်အားဖြင့် ကမ်းလှမ်းချက်ကို ဆာလာဘက်က လက်ခံသွားခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန် ၂၀၂၃ခုနှစ် ဇူလိုင်လထဲမှာ ဘာစီလိုနာဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့မယ်လို့ ကတိကဝတ် ပြုထားခဲ့တယ်လို့ Mirror Football က ဖော်ပြသွားခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် လီဗာပူးလ်အသင်းဟာ အခုနွေမှာ မာနေးနဲ့ လာမယ့်နှစ်နွေမှာ ဆာလာတို့ကို ဆက်တိုက်ဆိုသလို လက်လွတ်သွားရမယ့် အနေအထားမျိုး ရှိနေတဲ့အတွက် အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားမလျှော့နည်းသွားရအောင် ကြိုတင်စီစဉ်မှုတွေ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ လာမယ့်ဈေးကွက်ထဲ အော်ရီဂီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်ပြီး မာနေးကိုပါ ဆုံးရှုံးရနိုင်တဲ့ အခြေအနေတွေကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ရဖို့ ရှိနေရပြီး လက်ရှိမှာ ဖူလ်ဟမ်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ကာဗယ်လ်ဟိုကိုသာ ခေါ်ယူထားတာဖြစ်လို့ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူရဖွယ် ရှိနေပါတယ်။