ၿပီးခဲ႔တဲ႔ ၂၀၁၈ခုႏွစ္တုန္းက ေရာ္နယ္ဒုိနဲ႔မက္ဆီတုိ႔ကုိေက်ာ္ျဖတ္ၿပီး ကမာၻ႕အေကာင္းဆုံး ေဘာလုံးသမားဆုႀကီးတစ္ခုျဖစ္တဲ႔ ဘလြန္းဒီေအာဆုကုိ ပထမဆုံးအႀကိမ္အျဖစ္ ပုိင္ဆိုင္ႏုိင္ခဲ႔တဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ခရုိေအးရွားကြင္းလယ္ကစားသမားႀကီး လူကာမုိဒရစ္ကေတာ့ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာပဲ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားေတာ့မွာျဖစ္လုိ႔ ဒီအခ်ိန္မွာ သူ႔စိတ္ႀကိဳက္ စပိန္လာလီဂါျပင္ပ အသင္းမ်ားစြာနဲ႔ အေျပာင္းအေရႊ႕ကိစၥေတြကုိ လြတ္လြတ္လပ္လပ္ ေဆြးေႏြးႏုိင္ၿပီျဖစ္ကာ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္အသင္းနဲ႔ သတင္းေတြ အေတာ္ထြက္ေပၚေနလ်က္ရွိပါတယ္။

Photo Credit : Getty Images

ဒီစီယူႏုိက္တက္အသင္းက လက္ရွိ ဒါဘီေကာင္တီအသင္းမွာ ကစားသမားနည္းျပအျဖစ္ တာဝန္ယူေဆာင္ရႊက္လုိ႔ေနတဲ႔ ကမာၻေက်ာ္ေဘာလုံးသမား ဝိန္းရူနီရဲ႕အသင္းေဟာင္းျဖစ္ၿပီးေတာ့ လက္ရွိမွာလည္း ရူနီလုိ World Class ကစားသမားတစ္ဦးျဖစ္တဲ႔ မုိဒရစ္ကုိ အသင္းဆီ ေခၚေဆာင္ေနခ်င္တာျဖစ္ပါတယ္။ အသက္၃၄ႏွစ္အရႊယ္ရွိ ကြင္းလယ္ကစားသမားႀကီး မုိဒရစ္ဟာ ၿပီးခဲ႔တဲ႔ ေႏြေစ်းကြက္မွာကတည္းက အသင္းကေန ထြက္ခြာေတာ့မယ့္လုိ႔ သတင္းေတြ ထြက္ေပၚခဲ႔ေသးၿပီး အင္တာမီလန္အသင္းကုိ ေရာက္ရွိဖုိ႔လည္း အနီးစပ္ဆုံးျဖစ္ခဲ႔ပါေသးတယ္။

Photo Credit : Getty Images

ဒါေပမယ့္လည္း The Athletic သတင္းမီဒီယာကေန ေဖာ္ျပခ်က္အရ ၿပီးခဲ႔တဲ႔လအနည္းငယ္အတြင္းကပဲ ရီးရဲဲလ္မက္ဒရစ္နဲ႔ ဒီစီယူႏုိက္တက္အသင္းဘက္ကေန မုိဒရစ္ရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကုိ ဆက္တုိက္ျပဳလုပ္ခဲ႔ၿပီး အခုဆုိရင္ အေတာ္ေလးကုိ အေျခအေနအေကာင္းေနၿပီလုိ႔ သိရွိရပါတယ္။ မုိဒရစ္ကေတာ့ သူ႔ကုိ ဒီစီယူႏုိက္တက္အသင္းဘက္ကေန တစ္ႏွစ္လုပ္ခအျဖစ္ ေပါင္၄သန္း ေပးေခ်ႏုိင္မယ္ဆုိရင္ အသင္းေျပာင္းဖုိ႔ အဆင္ေျပႏုိင္ဖြယ္ရွိေနတယ္လုိ႔ သိထားရပါတယ္။ မုိဒရစ္ဟာ ရီးရဲလ္အသင္းရဲ႕ကြင္းလယ္မွာ အေရးပါတဲ႔သူတစ္ေယာက္ျဖစ္ေပမယ့္လည္း သူရဲ႕အသက္အရႊယ္ ေျခစြမ္းပုိင္းက်ဆင္းလာမႈေတြေၾကာင့္ ဒီရာသီမွာ ပုံမွန္ေနရာေပ်ာက္ဆုံးေနလ်က္ရွိေနၿပီး လူငယ္ကြင္းလယ္ကစားသမား ဗယ္ဗာဒီေလာက္ေတာင္ ေနရာမရေတာ့တာေၾကာင့္ အသင္းကေန ထြက္ခြာဖုိ႔ ဆုံးျဖတ္ခ်က္ခ်ထားခဲ႔ရတာျဖစ္ပါတယ္။

(Unicode)

ရူနီရဲ့အသင်းဟောင်းကို ပြောင်းရွှေ့ကစားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေတဲ့ မိုဒရစ်

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက ရော်နယ်ဒိုနဲ့မက်ဆီတို့ကိုကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကြီးတစ်ခုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ခရိုအေးရှားကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်ကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတော့မှာဖြစ်လို့ ဒီအချိန်မှာ သူ့စိတ်ကြိုက် စပိန်လာလီဂါပြင်ပ အသင်းများစွာနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပြီဖြစ်ကာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ သတင်းတွေ အတော်ထွက်ပေါ်နေလျက်ရှိပါတယ်။

Photo Credit : Getty Images

ဒီစီယူနိုက်တက်အသင်းက လက်ရှိ ဒါဘီကောင်တီအသင်းမှာ ကစားသမားနည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်လို့နေတဲ့ ကမ္ဘာကျော်ဘောလုံးသမား ဝိန်းရူနီရဲ့အသင်းဟောင်းဖြစ်ပြီးတော့ လက်ရှိမှာလည်း ရူနီလို World Class ကစားသမားတစ်ဦးဖြစ်တဲ့ မိုဒရစ်ကို အသင်းဆီ ခေါ်ဆောင်နေချင်တာဖြစ်ပါတယ်။ အသက်၃၄နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမားကြီး မိုဒရစ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာကတည်းက အသင်းကနေ ထွက်ခွာတော့မယ့်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပြီး အင်တာမီလန်အသင်းကို ရောက်ရှိဖို့လည်း အနီးစပ်ဆုံးဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Getty Images

ဒါပေမယ့်လည်း The Athletic သတင်းမီဒီယာကနေ ဖော်ပြချက်အရ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းကပဲ ရီးရဲဲလ်မက်ဒရစ်နဲ့ ဒီစီယူနိုက်တက်အသင်းဘက်ကနေ မိုဒရစ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး အခုဆိုရင် အတော်လေးကို အခြေအနေအကောင်းနေပြီလို့ သိရှိရပါတယ်။ မိုဒရစ်ကတော့ သူ့ကို ဒီစီယူနိုက်တက်အသင်းဘက်ကနေ တစ်နှစ်လုပ်ခအဖြစ် ပေါင်၄သန်း ပေးချေနိုင်မယ်ဆိုရင် အသင်းပြောင်းဖို့ အဆင်ပြေနိုင်ဖွယ်ရှိနေတယ်လို့ သိထားရပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်အသင်းရဲ့ကွင်းလယ်မှာ အရေးပါတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း သူရဲ့အသက်အရွှယ် ခြေစွမ်းပိုင်းကျဆင်းလာမှုတွေကြောင့် ဒီရာသီမှာ ပုံမှန်နေရာပျောက်ဆုံးနေလျက်ရှိနေပြီး လူငယ်ကွင်းလယ်ကစားသမား ဗယ်ဗာဒီလောက်တောင် နေရာမရတော့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချထားခဲ့ရတာဖြစ်ပါတယ်။