လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမတ် ဆာလတ်ဟာ ပြီးခဲ့တဲ့ ဗုဒ္စဟူးနေ့က ဓါတ်ဆီဆိုင် တစ်ဆိုင်ကို ရောက်လာပြီး လူတိုင်းရဲ့ ဓါတ်ဆီဖြည့်ခကို ရှင်းပေးခဲ့တာကြောင့် ဓါတ်ဆီဆိုင်ကို ရောက်လာခဲ့ကြတဲ့ လူတွေ နဲ့ သူ့ရဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆာလတ်ဟာ (၂၀၁၇) ခုနှစ်မှာ လီဗာပူးလ်အသင်းကို ရောက်လာခဲ့စဉ်ကတည်းက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၄၄) ပွဲ ကစားထားရာမှာ သွင်းဂိုး (၉၁) ဂိုး သွင်းယူ နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း (၂) ကြိမ် တိုင်တိုင် ရရှိနိုင်ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။

Photo Credit: Sportsbilble

တိုက်စစ်မှူး မိုဟာမတ် ဆာလတ်ဟာ ပြီးခဲ့တဲ့ ဗုဒ္စဟူးနေ့မှာ အင်္ဂလန်နိုင်ငံက ဓါတ်ဆီဆိုင်ကို ရောက်ရှိသွားခဲ့ပြီး ဓါတ်ဆီလာဖြည့်ကြတဲ့ လူတိုင်းရဲ့ ဓါတ်ဆီဖြည့်ခကို ရှင်းပေးခဲ့တာကြောင့် လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး လူတိုင်းရဲ့ ချီးကျူးမှုကိုလည်း နောက်တစ်ကြိမ် ရရှိခဲ့ပါတယ်။ ပရိသတ်တွေက ဆာလတ်ကို “ငါတော့ သူ့ကို ဘယ်လို ထပ်ချစ်ရမလဲ မသိတော့ဘူး။ သူက အရမ်း ရိုးသားတာပဲ”၊ “အီဂျစ် ဘုရင်ကြီးကို ချစ်တယ်”လို့ အပြန်အလှန် ချီးကျူးရေးခဲ့ကြပြီး လူမှုကွန်ရက် တွစ်တာမှာ ပရိသတ်တွေ များစွာက သူ့ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

Photo Credit: Sportsbilble

ဆာလတ် နဲ့ သူ့ရဲ့ အသင်းဖော်တွေဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြနေတာကြောင့် လီဗာပူးလ်အသင်းကတော့ နှစ် (၃၀) အတွင်း တစ်ကြိမ်မှ မရခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကို ပထမဆုံး အကြိမ် ရရှိဖို့ နောက်ထပ် ရမှတ် (၆) မှတ်သာ လိုအပ်တော့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ပြီး ဦးဆောင်နေတာကြောင့် ပရီးမီးယားလိဂ် ဖလား ရရှိဖို့ သေချာနေပြီ ဖြစ်ပြီး တိုက်စစ်မှူး ဆာလတ်ရဲ့ ဂုဏ်ယူစရာ လုပ်ရပ်ကလည်း အတုယူစရာ ဖြစ်နေပါတယ်။