မြန်မာနိုင်ငံရဲ့ဂုဏ်ဆောင် စွယ်စုံသုံးကိုယ်ခံပညာဖိုက်တာကြီးဖြစ်သူ အောင်လအန်ဆန်ကတော့ မနေ့ကပဲ သူ့အတွက် ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ကြောင်း သူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ သားကြီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲဲ့ MMA ဖိုက်တာကြီး အောင်လအန်ဆန်ရဲ့ဒုတိယမြောက်ရင်သွေးလေး သမီးလေးဖြစ်ပြီး ဆန့်ဆိုင်းဂရေ့စ်အင်ဆန်လို့ နာမည်ပေးထားတယ်လို့လည်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Aung La Nsang Facebook

သမီးလေး မွေးဖွားနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အောင်လအန်ဆန်က “ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်/ ချစ်သမီးလေး ဆန့်ဆိုင်းဂရေ့စ်အင်ဆန်ကို ကောင်းမွန်စွာမွေးဖွားနိုင်ခဲ့ပါပြီ။ သမီးလေးက ၈ပေါင်နဲ့၅အောင်စရှိပြီး ကျန်းကျန်းမာမာနဲ့ ကျွမ်းကျင်တဲ့ဆရာဝန်တွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။ သမီးလေးနဲ့မေမေတို့နှစ်ယောက်စလုံး ကျန်းမာပြီးအားလုံး အဆင်ပြေနေပါတယ်။ သမီးလေးကို ကောင်းမွန်စွာမွေးဖွားနိုင်ဖို့အတွက် ဆုမွန်ကောင်းတောင်းပေးကြတဲ့သူတွေ ဆုတောင်းကူညီကြတဲ့သူတွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်” လို့ သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Photo Credit : ABS-CBN Sports

အသက်၃၄နှစ်အရွှယ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ဇာတိ ကချင်တိုင်းရင်းသား အားကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ ၂၀၀၅ခုနှစ်အတွင်း MMA နယ်ပယ်အတွင်းကို စတင်ခြေချလာခဲ့သူဖြစ်ကာ လက်ရှိမှာ One Championship ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိပြီး ဒီပြိုင်ပွဲကြီးရဲ့ Middle Weight နဲ့ Light Heavy Weight ချန်ပီယံ ခါးပတ်၂ခုလုံးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ လက်ရှိမှာ ပြီးပြည့်စုံလှတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ သူရဲ့နောက်ဆုံးကစားခဲ့တဲဲ့ MMA ပွဲ ရပွဲဆက်တိုက် အနိုင်ရအောင် ထိုးသတ်ထားနိုင်ခဲ့ပါတယ်။

(Zawgyi)

ဒုတိယေျမာက္ရင္ေသြးေလးကုိ ပုိင္ဆုိင္ခဲ႔တဲ့ ျမန္မာ့ဂုဏ္ေဆာင္ MMA Fighter ေအာင္လအန္ဆန္

ျမန္မာႏုိင္ငံရဲ႕ဂုဏ္ေဆာင္ စြယ္စုံသုံးကုိယ္ခံပညာဖုိက္တာႀကီးျဖစ္သူ ေအာင္လအန္ဆန္ကေတာ့ မေန႔ကပဲ သူ႔အတြက္ ဒုတိယေျမာက္ရင္ေသြးေလးကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ၿပီျဖစ္ေၾကာင္း သူရဲ႕ဆုိရွယ္မီဒီယာေပၚကေန ပရိသတ္ေတြကုိ အသိေပးသြားခဲ႔ပါတယ္။ သားႀကီးတစ္ေယာက္ကုိ ပုိင္ဆုိင္ထားတဲဲ႔ MMA ဖုိက္တာႀကီး ေအာင္လအန္ဆန္ရဲ႕ဒုတိယေျမာက္ရင္ေသြးေလး သမီးေလးျဖစ္ၿပီး ဆန္႔ဆိုင္းဂေရ႕စ္အင္ဆန္လုိ႔ နာမည္ေပးထားတယ္လုိ႔လည္း ထုတ္ေဖာ္ေျပာဆုိထားခဲ႔ပါတယ္။

Photo Credit : Aung La Nsang Facebook

သမီးေလး ေမြးဖြားႏုိင္ခဲ႔တာနဲ႔ပတ္သက္ၿပီး ေအာင္လအန္ဆန္က “ဘုရားသခင္ရဲ႕ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါတယ္/ ခ်စ္သမီးေလး ဆန္႔ဆိုင္းဂေရ႕စ္အင္ဆန္ကို ေကာင္းမြန္စြာေမြးဖြားႏိုင္ခဲ့ပါၿပီ။ သမီးေလးက ၈ေပါင္နဲ႔၅ေအာင္စရွိၿပီး က်န္းက်န္းမာမာနဲ႔ ကၽြမ္းက်င္တဲ့ဆရာဝန္ေတြရဲ႕ ၾကည့္ရႈေစာင့္ေရွာက္မႈေအာက္မွာ ရွိေနပါတယ္။ သမီးေလးနဲ႔ေမေမတို႔ႏွစ္ေယာက္စလံုး က်န္းမာၿပီးအားလံုး အဆင္ေျပေနပါတယ္။ သမီးေလးကို ေကာင္းမြန္စြာေမြးဖြားႏိုင္ဖို႔အတြက္ ဆုမြန္ေကာင္းေတာင္းေပးၾကတဲ့သူေတြ ဆုေတာင္းကူညီၾကတဲ့သူေတြအားလံုးကို အရမ္းေက်းဇူးတင္ပါတယ္” လုိ႔ သူရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပသြားခဲ႔ပါတယ္။

Photo Credit : ABS-CBN Sports

အသက္၃၄ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ ျမန္မာႏုိင္ငံ ျမစ္ႀကီးနားၿမိဳ႕ဇာတိ ကခ်င္တုိင္းရင္းသား အားကစားသမားတစ္ေယာက္ျဖစ္တဲ႔ ေအာင္လအန္ဆန္ကေတာ့ ၂၀၀၅ခုႏွစ္အတြင္း MMA နယ္ပယ္အတြင္းကုိ စတင္ေျခခ်လာခဲ႔သူျဖစ္ကာ လက္ရွိမွာ One Championship ၿပိဳင္ပြဲဝင္တစ္ေယာက္အျဖစ္ ရပ္တည္လ်က္ရွိၿပီး ဒီၿပိဳင္ပြဲႀကီးရဲ႕ Middle Weight နဲ႔ Light Heavy Weight ခ်န္ပီယံ ခါးပတ္၂ခုလုံးကုိ ပုိင္ဆုိင္ထားသူလည္းျဖစ္ပါတယ္။ လက္ရွိမွာ ၿပီးျပည့္စုံလွတဲ႔ မိသားစုဘဝကုိ ပုိင္ဆုိင္ခဲ႔ၿပီျဖစ္တဲ႔ ေအာင္လအန္ဆန္ဟာ သူရဲ႕ေနာက္ဆုံးကစားခဲ႔တဲဲ႔ MMA ပြဲ ၇ပြဲဆက္တုိက္ အႏုိင္ရေအာင္ ထုိးသတ္ထားႏုိင္ခဲ႔ပါတယ္။