အေစီမီလန်အသင်းက သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ် ကစားသမား ဆန်ဒရို တိုနာလီကို နယူးကာဆယ်အသင်းဆီ ယူရို (၆၄)သန်းနဲ့ ရောင်းချခဲ့ပြီးတဲ့နောက် အခုဆိုရင် ပူလီဆစ် လော့တပ်ချိဖ် အပါအဝင် ကစားသမားသစ် (၆)ဦးအထိ ပြန်လည် ခေါ်ယူထားခဲ့ပါတတယ်။
မီလန်က အသက် (၂၃)နှစ်သာ ရှိနေသေးတဲ့ အီတလီ ကွင်းလယ်လူ တိုနာလီကို နယူးကာဆယ်ဆီ ရောင်းချပြီးနောက် ကစားသမားသစ် (၆)ဦးကို ပြန်လည် အားဖြည့်ထားခဲ့ရာ ဒီကစားသမားသစ်တွေအတွက် အသားတင် အသုံးစရိတ်က ယူရို (၅)သန်းသာ ရှိခဲ့ရပါတယ်။
မီလန်အသင်းက ချယ်လ်ဆီး ကစားသမားတွေဖြစ်သော ပူလီဆစ် လော့တပ်ချိဖ်တို့အတွက် ယူရို (၃၆)သန်း သုံးစွဲခဲ့သလို အယ်ခမာ ကွင်းလယ်လူ ရိုင်းဒါစ်အတွက် ယူရို (၁၉)သန်း ဆာလ်ဇ်ဘာ့ဂ်က တိုက်စစ်မှူး အိုကာဖောအတွက် ယူရို (၁၄)သန်းတို့ သုံးစွဲခဲ့ပြီး ဂိုးသမား စပိုတီရယ်လို နဲ့ ညာတောင်ပံ ကစားသမားလေး လူကာ ရိုမဲရိုးတို့ကိုတော့ အလွတ်နဲ့ ခေါ်ယူခဲ့ပါယ်။
ဒီကစားသမားသစ်တွေအတွက် မီလန်က စုစုပေါင်း ယူရို (၆၉)သန်းသာ အသုံးပြုခဲ့ရပြီး တိုနာလီကို ရောင်းချရငွေနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင် မီလန်ရဲ့ ဒီဈေးကွက်အတွင်း အသားတင် ငွေကြေး သုံးစွဲမှုက ယူရို (၅)သန်းသာ ရှိနေပါသေးတယ်။
Photo Credit : Youtube
လက်ရှိမှာတော့ မီလန်ရဲ့ ကစားသမား ခေါ်ယူမှုတွေက အဆုံးသတ်သွားခြင်း မရှိသေးပဲ ဗီလာရီးယဲလ်ရဲ့ ကြယ်ပွင့် ကစားသမား ချူကွာဇီကိုပါ ပြောင်းရွှေ့ကြေး ယူရို သန်း (၂၀) + အပိုဆုကြေး ယူရို (၈)သန်းနဲ့ ခေါ်ယူနိုင်ဖို့ပါ အလုံးစုံ သဘောတူညီ ရရှိသွားခဲ့ပြန်ပြီ ဖြစ်လို့ မီလန်ရဲ့ ဒီနှစ် နွေရာသီ လှုပ်ရှားမှုတွေက အားရစရာကောင်းလာခဲ့ပါတယ်။
မီလန်က အသက် (၂၄)နှစ်အရွယ် နိုင်ဂျီးရီးယား တောင်ပံ တိုက်စစ် ကစားသမား ချူကွာဇီကို ၂၀၂၈ခုနှစ်အထိ စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး လာမယ့် တစ်ပတ်မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မှာပဲ ဖြစ်ပါတယ်။ ချူကွာဇီက ဗီလာရီးယဲလ်မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ညာတောင်ပံရော ဘယ်တောင်ပံမှာရော ကစားနိုင်သလို ကွင်းလယ် တိုက်စစ် နေရာအထိပါ လိုက်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။