အာဆင်နယ် နည်းပြ အာတီတာဟာ မနေ့ညက နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ပိုနီးစပ်သွားသလို ခံစားရပါတယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အူဘားမိယန်း၊ ပေပေ၊ အိုဇေးလ် နဲ့ လာကာဇက်တို့ရဲ့  ဒုတိယပိုင်းက သွင်းဂိုး (၄) ဂိုးကြောင့် နယူးကာဆယ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် (၃၄) မှတ်နဲ့ အဆင့် (၉) နေရာကို တက်လှမ်းလာပြီ ဖြစ်ပါတယ်။

Photo Credit: Skysports

အာဆင်နယ်အသင်းဟာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၆) မှတ် ကွာဟပေမဲ့ တကယ်လို့ မန်စီးတီးအသင်းက ချန်ပီယံလိဂ် ဝင်ခွင့် ပိတ်ပင်ခံရတာ သေချာသွားမယ် ဆိုရင် အဆင့် (၅) နေရာ ရမယ်ဆိုရင်တောင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး အနိုင်ရရှိပြန်တော့ (၄-ဝ) နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ပိုနီးစပ်လာပြီလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Skysports

အာတီတာက “လွန်ခဲ့တဲ့ အပတ်က ဒူဘိုင်းကို လေ့ကျင့်ရေး ဆင်းဖို့ မသွားခင် ကျွန်တော်တို့ဟာ ဘန်လေအသင်းနဲ့ သရေကျခဲ့ပြီး အရာအားလုံးက ပုံပျက်ပန်းပျက် ဖြစ်နေခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့က မယုံနိုင်စရာ နိုင်ပွဲဆက်မှာ ဖြစ်မယ့်ပုံပေါ်ခဲ့တယ်။ ဒီနေ့တော့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပိုနီးစပ်သွားသလို ခံစားရတယ်။ ဒါပေမဲ့ ဝင်ခွင့်ရဖို့က ကျွန်တော်တို့အပေါ်မှာ မူတည်တာပါ။ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ တိုးတတ်ရမယ် ခြေစွမ်းငြိမ်နေရမယ်”လို့ ပြောပါတယ်။