အာဆင်နယ် နည်းပြ အာတီတာက တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ အာဆင်နယ်အသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းမှာ အာဆင်နယ်အသင်းက မယုံနိုင်စရာ ကေင်းတဲ့ အသင်း ဖြစ်ပြီး ဘာစီလိုနာအသင်းလို အသင်းကြီးမားတာကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး အူဘာမီယန်းဟာ လက်ရှိရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့်လည်း အာဆင်နယ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းနဲ့ (၃) နှစ်ကြာ စာချုပ်သစ်ကို ထပ်တိုးသွားခဲ့ပါတယ်။

Photo Credit: Skysports

ဂီဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲ နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ သွင်းဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဆုဖလား ရရှိအောင် ကူညီနိုင်ခဲ့ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ကို ဖူဟမ်အသင်းနဲ့ ကစားခဲ့စဉ်က ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ အဆင့် (၈) နေရာကို ရရှိခဲ့ပေမယ့် အက်ဖ်အေဖလား ရရှိခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ရရှိသွားခဲ့ပြီး အာဆင်နယ် နည်းပြ အာတီတာကတော့ တိုက်စစ်မှူး အူဘာမီယန်းရဲ့ အသင်းမှာ ဆက်နေရတဲ့ အကြောင်းရင်းကို ပြန်ပြောသွားခဲ့ပါတယ်။

Photo Credit: Skysports

နည်းပြ အာတီတာက “ဘူဘာအနေနဲ့ ဆက်နေရတဲ့ ကြီးမားတဲ့ အကြောင်းရင်းက ကျွန်တော်တို့ အသင်းက မယုံနိုင်စရာ ကောင်းတဲ့ အသင်း ဖြစ်လို့ပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့မှာ အလွန် တော်တဲ့ လူတွေ ရှိပြီး သူကလည်း ပရိသတ်တွေဆီကနေ ချစ်ခင်မှုတွေ ခံစားရပါတယ်။ ကျွန်တော် ကိုယ့်အပိုင်းကို လုပ်ခဲ့ပြီး ကျွန်တော် သူ့ကို ဘာဆက်လုပ်မလဲ၊ သူက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးကြီးလာမလဲ၊ ကျွန်တော်တို့ ဘာတွေ တည်ဆောက်သွားမလဲ ဆိုတာတွေ ရှင်းပြခဲ့ပါတယ်။ အသင်းက သူ့ကို ဆက်နေဖို့ ပြုလုပ်နိုင်ခဲ့တာအတွက် နာမည်ယူရမယ်။ ကျွန်တော်တို့အသင်းရဲ့ အရွယ်အစားက ဘာစီလိုနာအသင်းလို ကြီးမားပါတယ်။ အရေးကြီးဆုံး အရာက အသင်းပါပဲ။ ဘာက ခွန်အားဖြစ်စေလဲ ဆိုတာ နဲ့ အနာဂတ်မှာ ဘာအောင်မြင်မှု ရမလဲ ဆိုတာပါ။ စီမံကိန်းကို ကစားသမားတွေ ယုံကြည်ဖို့ လိုပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။