MySport Myanmar

အလှမ်းဝေးနေတဲ့ ဥရောပ အောင်မြင်မှုတွေကို ပြန်လည် ရယူသွားဖို့ ပစ်မှတ်ထားနေတဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက (၂၈)နှစ်ကြာအထိ အလှမ်းဝေးနေရတဲ့ ဥရောပ အောင်မြင်မှုတွေကို ပြန်လည် ယူဆောင်န်ိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းသွားမှာ ဖြစ်သလို သူတို့ကလပ်အသင်းက ဥရောပမှာပါ ထိပ်တန်းအဆင့်ထိ ရှိနေတဲ့ အသင်းမျိုး ဖြစ်နေသေးကြောင်း သက်သေပြသွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : The Independent

အာဆင်နယ်အသင်းဟာ လွန်ခဲံ့တဲ့ ၁၉၉၄ခုနှစ်က European Cup Winners’ Cup ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးသွားခဲ့တာ (၂၈)နှစ်အထိကို ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်နောက်ပိုင်း ၂၀၀၅-၂၀၀၆ ဘောလုံးရာင်္သီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၁၉၉၉-၂၀၀၀ ဘောလုံးရာသီမှာ UEFA Cup (အခုယူရိုပါလိဂ်) ဗိုလ်လုပွဲနဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေအထိ တတ်လှမ်းနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ နိုင်ပွဲတွေ မရယူနိုင်ခဲ့ပဲ ဒုတိယတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဥရောပပြိုင်ပွဲပါ ဝင်ရောက်ဆင်နွဲခွင့် မရရှိခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲ ဆင်နွဲရဖို့ ရှိနေပြီး ဒီနေ့ညမှာပဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆွစ်ကလပ် ဇူးရစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်နည်းပြ အာတီတာက “(၂၈)နှစ်ဆိုတာ အလွန်ကို ကြာမြင့်နေတဲ့ အချိန်ကာလတစ်ခုဖြစ်လို့ ဒီမှတ်တမ်းဆိုးကြီးကို ပထမဆုံးအကြိမ်အဖြစ် ချိုးဖျက်သွားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပြိုင်ပွဲကို နည်းမှန်လမ်းမှန်နဲ့ စတင်ရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အရှိန်ကိုပါ ထိန်းသိမ်းထားရပါလိမ့်မယ်” လို့ ပြောဆိုခဲ့ကာ ဆက်လက်ပြီးတော့လည်း “ကံမကောင်းစွာပဲ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာတွေကြောင့် ကျွန်တော်တို့မှာ အလှည့်ကျ ကစားသမားတွေ အများကြီး ရှိမနေပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲက ကျွန်တော်တို့အတွက် ခက်ခဲစေမယ့် ပြိုင်ဘက်တွေကို သေချာ အလေးအနက်ထား ယှဉ်ပြိုင်စေချင်တဲ့ ပြိုင်ပွဲမျိုးပါ။ ဒါဆို အခုအချိန်မှာ ကျွန်တော်တို့တွေ ပွဲတိုင်းကို အနိုင်ရယူဖို့ အခွင့်အရေးတွေ ရယူရမယ့် အချိန်ပါပဲ” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကို ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ နယ်သာလန်ကလပ် PSV အသင်း ဆွစ်ဇာလန်ကလပ် ဇူးရစ်နဲ့ နော်ဝေကလပ် ဘိုဒယ်ဂလင့်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အာဆင်နယ်က ဒီအသင်းတွေအားလုံးထက် အားသာနေတဲ့ အသင်းဖြစ်လို့ အုပ်စုဗိုလ်နဲ့ပါ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖွယ် ရှိနေပေမယ့် ပြိုင်ပွဲရဲ့ ဘယ်အဆင့်ထိ တတ်လှမ်းနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Exit mobile version