MySport Myanmar

ရီးယဲလ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေမှုကို တုံ့ပြန်လိုက်တဲ့ အာတီတာ

မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ရတဲ့ အာဆင်နယ်အသင်း နည်းပြ အာတီတာက အခုလို ကောလဟာလသတင်း ထွက်ပေါ်နေတဲ့အပေါ် ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : The Athletic

စပိန်လူမျိုး ဘောလုံးနည်းပြ အာတီတာဟာ ဒီနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားနိုင်သလို အသင်းကိုလည်း အရင်နှစ်တွေကထက် ပိုကောင်းတဲ့ ပုံစံမျိုးမှာ ရှိနေအောင်လည်း လုပ်ဆောင်ပေးထားနိုင်ပါတယ်။ ဒါကြောင့် သူ့ကို ရီးယဲလ်အသင်းကနေ စောင့်ကြည့်နေပြီး နည်းပြကြီး ကားလို့အန်စလော့တီနေရာမှာ အစားထိုးသွားဖို့အတွက် ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို သတင်းတွေ ထွက်ပေါ်လာမှုနဲ့ ပတ်သတ်ပြီး အာတီတာက “မီဒီယာတွေမှာ ရေးထားတဲ့ အကြောင်းအရာတွေကို ကစားသမားတွေနဲ့ နည်းပြတွေက မထိန်းချုပ်နိုင်ပါဘူး။ ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော် ဒီမှာ လုပ်ဆောင်နေတာတွေအပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားပြီးတော့ ဒီဘောလုံးအသင်းအတွက် ကျွန်တော် လုပ်နေတာတွေကိုလည်း အရမ်းလည်း ဂုဏ်ယူမိတယ်။ အရမ်းလည်း ဝမ်းမြောက်မိတယ်။ အဲ့ဒါပါပဲ”လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

ဆက်လက်ပြီး အာတီတာက “ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရှိနေချင်ပါတယ်။ ဒါပေမယ့်လည်း အများကြီး အားထုတ်ဖို့ ရှိနေပါသေးတယ်။ ကစားရမယ့် ပွဲတွေကလည်း အများကြီး ကျန်ရှိနေပါသေးတယ်။ ပရီးမီးယားလိဂ်မှာက ပွဲတိုင်း ကံမကောင်းနိုင်တာက ဒီလိုပဲ ဆိုပေမယ့် ဒါကလည်း ပွဲတိုင်းရဲ့ စွဲဆောင်မှုလို့ ပြောရမလိုပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို အဝေးကွင်းမှာ ဆင်နွဲသွားရဖို့ ရှိနေပြီး အဲ့ဒီပွဲပြီးတာနဲ့ မြို့ခံကလပ် ဖူလ်ဟမ်အသင်းနဲ့ လန်ဒန်ဒါဘီ ပွဲကျပ်တစ်ပွဲကို ဆက်လက် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Exit mobile version