ပရီးမီးယားလိဂ္ ကြင္းလယ္ဒုိင္ မုိက္ဒင္ဟာ ေဆာက္သမ္တန္အသင္း နဲ႔ စပါးအသင္း ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၁) မွာ အဓိက ကြင္းလယ္ဒုိင္အျဖစ္ တာဝန္ယူ ေဆာင္ရြက္ခဲ့ရပါတယ္။ သူဟာ ပဲြမစခင္ ကစားသမားေတြ၊ ပဲြစပြန္ဆာေတြနဲ႔ လက္ဆဲြႏႈတ္ဆက္ခဲ့ၿပီး ပဲြစပြန္ဆာေပးတဲ့ အမ်ဳိးသား တစ္ဦးကုိ မသိတာေၾကာင့္ ဘယ္ေခြးမသားလဲလုိ႔ မသိမသာ ေျပာမိသြားခဲ့ပါတယ္။

Photo Credit: TheSun

ကြင္းလယ္ဒုိင္ မုိက္ဒင္ကုိ ပဲြစပြန္ဆာေပးတဲ့ အမ်ဳိးသား တစ္ဦးက လက္ဆဲြႏႈတ္ဆက္သြားခဲ့ၿပီး ႏႈတ္ဆက္ၿပီးတဲ့ အခ်ိန္မွာ မုိက္ဒင္က စည္းၾကပ္ဒုိင္ကုိ ၾကည့္ၿပီး ရုိင္းစုိင္းစြာ ေျပာသြားခဲ့ပါတယ္။ ကြင္းလယ္ဒုိင္ မုိက္ဒင္ဟာ ပဲြစပြန္ဆာေပးတဲ့ အမ်ဳိးသား မရွိေတာ့တဲ့ အခ်ိန္မွာ စည္းၾကပ္ဒုိင္ကုိ လွည့္ၾကည့္ၿပီး “Who the fuck is that”-“အဲဒီလူက ဘယ္ေခြးမသားလဲ”လုိ႔ ေျပာမိခဲ့ပါတယ္။

Photo Credit: TheSun

ကြင္းလယ္ဒုိင္ မုိက္ဒင္ရဲ႕ လုပ္ရပ္ကုိ လူတစ္ဦးက ဗီဒီယုိနဲ႔ တြစ္တာေပၚမွာ တင္သြားခဲ့ၿပီး အဲဒီဗီဒီယုိကုိ လူၾကည့္ အလြန္ မ်ားခဲ့သလုိ၊ အဲလုိေျပာတာ မဟုတ္ေလာက္ဘူးလုိ႔ ေရးၾကပါတယ္။ ကြင္းလယ္လူ မုိက္ဒင္ဟာ ပဲြစပြန္ဆာေပးတဲ့ သူကုိ ေျပာဆုိခဲ့ရုံမက ေဆာက္သမ္တန္အသင္းရဲ႕ နည္းဗ်ဴဟာကုိ သြားၾကည့္ခဲ့တဲ့ ေမာ္ရင္ဟုိကုိလည္း အဝါကဒ္ ျပၿပီး သတိေပးသြားခဲ့ပါတယ္။

Photo Credit: TheSun

စပါးနည္းျပ ေမာ္ရင္ဟုိဟာ ေဆာက္သမ္တန္အသင္းကို (၁-၀) နဲ႔ ရႈံးခဲ့ၿပီး ပဲြၿပီးသြားမွ မဟုတ္ဘဲ ပဲြကစားေနတဲ့ အခ်ိန္မွာ ေဆာက္သမ္တန္အသင္းရဲ႕ နည္းဗ်ဴဟာကို သြားခုိးၾကည့္ေနခဲ့ပါတယ္။ သူဟာ ၿပိဳင္ဘက္အသင္းရဲ႕ နည္းဗ်ဴဟာကုိ သြားၾကည့္လုိ႔ အဝါကဒ္ အျပခံရၿပီး သူကုိယ္တုိင္က အဝါကဒ္နဲ႔ ထုိက္တန္ပါတယ္လုိ႔ ပဲြၿပီး သတင္းစာ ရွင္းလင္းပဲြမွာ ျပန္ေျပာျပခဲ့တာ ျဖစ္ပါတယ္။

{Unicode}

ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင် မိုက်ဒင်ဟာ ဆောက်သမ်တန်အသင်း နဲ့ စပါးအသင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) မှာ အဓိက ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ရပါတယ်။ သူဟာ ပွဲမစခင် ကစားသမားတွေ၊ ပွဲစပွန်ဆာတွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ပွဲစပွန်ဆာပေးတဲ့ အမျိုးသား တစ်ဦးကို မသိတာကြောင့် ဘယ်ခွေးမသားလဲလို့ မသိမသာ ပြောမိသွားခဲ့ပါတယ်။

Photo Credit: TheSun

ကွင်းလယ်ဒိုင် မိုက်ဒင်ကို ပွဲစပွန်ဆာပေးတဲ့ အမျိုးသား တစ်ဦးက လက်ဆွဲနှုတ်ဆက်သွားခဲ့ပြီး နှုတ်ဆက်ပြီးတဲ့ အချိန်မှာ မိုက်ဒင်က စည်းကြပ်ဒိုင်ကို ကြည့်ပြီး ရိုင်းစိုင်းစွာ ပြောသွားခဲ့ပါတယ်။ ကွင်းလယ်ဒိုင် မိုက်ဒင်ဟာ ပွဲစပွန်ဆာပေးတဲ့ အမျိုးသား မရှိတော့တဲ့ အချိန်မှာ စည်းကြပ်ဒိုင်ကို လှည့်ကြည့်ပြီး “Who the fuck is that”-“အဲဒီလူက ဘယ်ခွေးမသားလဲ”လို့ ပြောမိခဲ့ပါတယ်။

Photo Credit: TheSun

ကွင်းလယ်ဒိုင် မိုက်ဒင်ရဲ့ လုပ်ရပ်ကို လူတစ်ဦးက ဗီဒီယိုနဲ့ တွစ်တာပေါ်မှာ တင်သွားခဲ့ပြီး အဲဒီဗီဒီယိုကို လူကြည့် အလွန် များခဲ့သလို၊ အဲလိုပြောတာ မဟုတ်လောက်ဘူးလို့ ရေးကြပါတယ်။ ကွင်းလယ်လူ မိုက်ဒင်ဟာ ပွဲစပွန်ဆာပေးတဲ့ သူကို ပြောဆိုခဲ့ရုံမက ဆောက်သမ်တန်အသင်းရဲ့ နည်းဗျူဟာကို သွားကြည့်ခဲ့တဲ့ မော်ရင်ဟိုကိုလည်း အဝါကဒ် ပြပြီး သတိပေးသွားခဲ့ပါတယ်။

Photo Credit: TheSun

စပါးနည်းပြ မော်ရင်ဟိုဟာ ဆောက်သမ်တန်အသင်းကို (၁-ဝ) နဲ့ ရှုံးခဲ့ပြီး ပွဲပြီးသွားမှ မဟုတ်ဘဲ ပွဲကစားနေတဲ့ အချိန်မှာ ဆောက်သမ်တန်အသင်းရဲ့ နည်းဗျူဟာကို သွားခိုးကြည့်နေခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်အသင်းရဲ့ နည်းဗျူဟာကို သွားကြည့်လို့ အဝါကဒ် အပြခံရပြီး သူကိုယ်တိုင်က အဝါကဒ်နဲ့ ထိုက်တန်ပါတယ်လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။