လီဗာပူးလ္ ဂုိးသမားေဟာင္း မစ္ႏုိလတ္က ဘရုေဂး အသင္းေဖာ္သစ္ေတြ ျဖစ္ၾကတဲ့ တုိက္စစ္မွဴး ရုဗ္ ေဗာ္မာ နဲ႔ ဟမ္စ္ ဗန္နာကမ္တို႔က လီဗာပူးလ္ အသင္းေဖာ္ ျဖစ္တဲ့ ဖာမင္ႏုိထက္ အဆုံးသတ္ ပုိေကာင္းတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ ဂုိးသမား ဆီမြန္ မစ္ႏုိလတ္ဟာ ၿပီးခဲ့တဲ့ (၂၀၁၈-၂၀၁၉) ရာသီမွာ လီဗာပူးလ္အသင္းအတြက္ (၂) ပဲြသာ ကစားခဲ့ရတာေၾကာင့္ အသင္းက ထြက္သြားခဲ့ၿပီး ဘယ္လ္ဂ်ီယံ ကလပ္ ဘရုေဂးအသင္းနဲ႔ (၆) ႏွစ္ၾကာ စာခ်ဳပ္ကုိ ခ်ဳပ္ဆုိသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: TheSun

ဂုိးသမား မစ္ႏုိလတ္ဟာ လီဗာပူးလ္အသင္းကုိ ဂုိးသမား အလီဆြန္ မေရာက္လာခင္ကေတာ့ ပုံမွန္ ပဲြထြက္ ခြင့္ရခဲ့ေပမဲ့ လီဗာပူးလ္အသင္းက ဂုိးသမား အလီဆင္ကို ရုိးမားအသင္းက ေခၚယူၿပီးတဲ့ အခ်ိန္မွာေတာ့ ေနရာ ဆုံးရႈံးခဲ့ရပါတယ္။ သူဟာ လီဗာပူးလ္အသင္းကေန ထြက္သြားၿပီးတဲ့ အခ်ိန္မွာ ဂုိးသမား အလီဆင္က ပုိေကာင္းတယ္လုိ႔ ဝန္ခံခဲ့ေပမဲ့ အခု တစ္ေခါက္မွာေတာ့ သူ႔ရဲ႕ အသင္းသစ္ ျဖစ္တဲ့ ဘရုေဂး တုိက္စစ္မွဴးေတြက ဖာမင္ႏုိထက္ ပိုေကာင္းတယ္လုိ႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: TheSun

ဂုိးသမား မစ္ႏုိလတ္ဟာ အသင္းေဟာင္း အသင္းေဖာ္ေတြ နဲ႔ အသင္းသစ္ အသင္းေဖာ္ေတြထဲမွာ ဘယ္သူေတြက အဆုံးသတ္ ပုိေကာင္းသလဲလုိ႔ အေမးခံရတဲ့ အခ်ိန္မွာ သူက “ဟမ္စ္ နဲ႔ ရုဗ္က သိပ္ ေကာင္းတဲ့ အဆုံးသတ္သမားေတြပါ။ ဖာမင္ႏုိ နဲ႔ ဆာလတ္က ေျပာင္ေျမာက္တဲ့ ကစားသမားေတြ ျဖစ္ၾကေပမဲ့ ဖာမင္ႏုိက ေမြးရာပါ မဟုတ္ပါဘူး။ အဆုံးသတ္ ေသခ်ာမႈနဲ႔ ေျပာရမယ္ ဆုိရင္ေတာ့ ဟမ္စ္ နဲ႔ ရုဗ္က ဖာမင္ႏုိထက္ ပုိမနိမ့္ပါဘူး။ ဖာမင္ႏုိင္ထက္ ပုိေကာင္းတယ္လုိ႔ ေျပာရဲပါတယ္”လုိ႔ ေျပာပါတယ္။

{Unicode}

လီဗာပူးလ် ဂိုးသမားဟောင်း မစ်နိုလတ်က ဘရုဂေး အသင်းဖော်သစ်တွေ ဖြစ်ကြတဲ့ တိုက်စစ်မှူး ရုဗ် ဗော်မာ နဲ့ ဟမ်စ် ဗန်နာကမ်တို့က လီဗာပူးလ် အသင်းဖော် ဖြစ်တဲ့ ဖာမင်နိုထက် အဆုံးသတ် ပိုကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။ ဂိုးသမား ဆီမွန် မစ်နိုလတ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈-၂၀၁၉) ရာသီမှာ လီဗာပူးလ်အသင်းအတွက် (၂) ပွဲသာ ကစားခဲ့ရတာကြောင့် အသင်းက ထွက်သွားခဲ့ပြီး ဘယ်လ်ဂျီယံ ကလပ် ဘရုဂေးအသင်းနဲ့ (၆) နှစ်ကြာ စာချုပ်ကို ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

ဂိုးသမား မစ်နိုလတ်ဟာ လီဗာပူးလ်အသင်းကို ဂိုးသမား အလီဆွန် မရောက်လာခင်ကတော့ ပုံမှန် ပွဲထွက် ခွင့်ရခဲ့ပေမဲ့ လီဗာပူးလ်အသင်းက ဂိုးသမား အလီဆင်ကို ရိုးမားအသင်းက ခေါ်ယူပြီးတဲ့ အချိန်မှာတော့ နေရာ ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ လီဗာပူးလ်အသင်းကနေ ထွက်သွားပြီးတဲ့ အချိန်မှာ ဂိုးသမား အလီဆင်က ပိုကောင်းတယ်လို့ ဝန်ခံခဲ့ပေမဲ့ အခု တစ်ခေါက်မှာတော့ သူ့ရဲ့ အသင်းသစ် ဖြစ်တဲ့ ဘရုဂေး တိုက်စစ်မှူးတွေက ဖာမင်နိုထက် ပိုကောင်းတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ရုဗ္ နဲ႔ ဟမ္စ္

Photo Credit: TheSun

ဂိုးသမား မစ်နိုလတ်ဟာ အသင်းဟောင်း အသင်းဖော်တွေ နဲ့ အသင်းသစ် အသင်းဖော်တွေထဲမှာ ဘယ်သူတွေက အဆုံးသတ် ပိုကောင်းသလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ဟမ်စ် နဲ့ ရုဗ်က သိပ် ကောင်းတဲ့ အဆုံးသတ်သမားတွေပါ။ ဖာမင်နို နဲ့ ဆာလတ်က ပြောင်မြောက်တဲ့ ကစားသမားတွေ ဖြစ်ကြပေမဲ့ ဖာမင်နိုက မွေးရာပါ မဟုတ်ပါဘူး။ အဆုံးသတ် သေချာမှုနဲ့ ပြောရမယ် ဆိုရင်တော့ ဟမ်စ် နဲ့ ရုဗ်က ဖာမင်နိုထက် ပိုမနိမ့်ပါဘူး။ ဖာမင်နိုင်ထက် ပိုကောင်းတယ်လို့ ပြောရဲပါတယ်”လို့ ပြောပါတယ်။