အပတ်စဉ် တင်ဆက်ပေးနေကျ အစီအစဉ် တစ်ခုဖြစ်တဲ့ ပရိသတ် အချစ်တော် မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေနဲ့ ပတ်သတ်တဲ့ ခန့်မှန်းချက် အစီအစဉ်များကို စုစည်း တင်ဆက်ပေးဖို့ အချိန်အခါကောင်း ကျရောက်လာပြီပဲ ဖြစ်ပါတယ်။ “လွဲတဲ့အခါလည်း လွဲပေမပေါ့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ပွဲစဉ်တွေကို ခန့်မှန်း သုံးသပ်နေတဲ့ မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို ဘုရားစာ ရွတ်ပြီး ဖတ်ရှုလိုက်ကြရအောင်ဗျာ…။

Photo Credit: Metro

လက်စတာစီးတီးနဲ့ ချယ်လ်ဆီး (ဗုဒ္ဓဟူးနေ့ မနက် ၂နာရီ ၄၅မိနစ်)

ဒီပွဲကတော့ အတော်လေး ကောင်းမယ့် ပွဲစဉ်တစ်ပွဲပါ။ လက်စတာစီးတီး အသင်းက ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်တဲ့ ဆောက်သမ်တန် အသင်းကို အနိုင်ရခဲ့တဲ့ ရလဒ်နဲ့ ချယ်လ်ဆီးအသင်းကို ဧည့်ခံ ကစားသွားမှာပါ။ ချယ်လ်ဆီးအသင်း ကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ဆုံးရှုံး သွားတဲ့ ရမှတ်တွေကို ပြန်လည် စုဆောင်းဖို့ ကြိုးစားနေပါပြီ။ သူတို့အသင်းက ဖူလ်ဟမ်ကို အဝေးကွင်းမှာ ထိုက်တန်တဲ့ ရလဒ်တစ်ခုနဲ့ နိုင်ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီပွဲကနေ ယုံကြည်မှုတွေလည်း ရသွားမှာပါ။ ဒီပွဲက အနည်းငယ် ကွာခြားချက် ကျဉ်းမြောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပြီး နှစ်သင်းစလုံးရဲ့ မန်နေဂျာတွေဟာ တစ်မှတ်စီ ခွဲယူရမှာကို သဘောကျမယ့် ပုံစံမှာ ရှိပါတယ်။

ခန့်မှန်းရလဒ် – လက်စတာ ၁-၁ ချယ်လ်ဆီး

Photo Credit: Metro

မန်စီးတီးနဲ့ ဗီလာ (ဗုဒ္ဓဟူးနေ့ည ၁၂နာရီခွဲ)

ကျွန်တော်ကတော့ ဒီပွဲမှာ ဗီလာအသင်းဟာ မန်စီးတီးအသင်းကို ပျော်ပျော်ကြီး ဘောလုံးပေးကိုင်ပြီး ကောင်တာတိုက်စစ်နဲ့ ပြန်လည် ထိုးနှက်ဖို့ ပြင်ဆင်လာမယ် ထင်ပါတယ်။ ဒီနည်းစနစ်က ဗီလာအသင်း အတွက် အသုံးဝင်မယ့် နည်းစနစ် တစ်ခုလို့လည်း ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက အခုချိန်မှာ အရမ်းကို ကစားပုံ ကောင်းနေပါတယ်။ ဒါ့ကြောင့် စီးတီးအနေနဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းဖို့ လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကို ရသွားမယ် လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အတိအကျ မပြောခဲ့

Photo Credit: Metro

လီဗာပူးနဲ့ ဘန်လေ (သောကြာနေ့ မနက် ၂နာရီခွဲ)

ကျွန်တော်ကတော့ ဂိုးရဖို့အတွက် လီဗာပူးအသင်းဟာ နည်းနည်းလေး စိတ်ရှည်ဖို့ လိုအပ်မယ် လို့ ထင်ပါတယ်။ ဒါပေမယ့် တကယ်လို့ သူတို့ဟာ သူတို့ရဲ့ အရည်အချင်းနဲ့ နောက်ထပ် ဂိုးမရှိ သရေပွဲ တစ်ပွဲ ထပ်ပြီး ဖြစ်ခဲ့မယ် ဆိုရင် ဒါကို ကျွန်တော် အရမ်း အံ့ဩမိမှာပါ။ ဒါ့ကြောင့်ပဲ ကျွန်တော်က ဒီပွဲမှာ အိမ်ရှင် အသင်းအနေနဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားမယ် လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၁-၀ ဘန်လေ

Photo Credit: Metro

ဖူလ်ဟမ်နဲ့ မန်ယူအသင်း (ကြာသပတေးနေ့ မနက် ၂နာရီ ၄၅မိနစ်)

အဝေးကွင်း ဆရာကြီး ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ တနင်္ဂနွေနေ့ ၊ အန်ဖီးလ်ကွင်း ထဲမှာ ကစားခဲ့တဲ့ သူတို့အသင်းရဲ့ ကစားပုံဟာ အလုပ်ဖြစ်ခဲ့တယ် လို့ ဆိုရမှာပါ။ သူတို့အသင်းက ၃မှတ် အပြည့်တောင် ရခဲ့သင့်ပါတယ်။ ဒါပေမယ့် တစ်ပွဲလုံး ခြုံကြည့်ရင်တော့ သူတို့အသင်းအတွက် ကျေနပ်စရာ ရလဒ်တစ်ခုပါပဲ။ သူတို့က ချယ်လ်ဆီးအသင်းကို ကပ်ရှုံးခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ ကန်ရမယ်။ ဖူလ်ဟမ် အသင်းက ချယ်လ်ဆီးအသင်းကို ရှုံးခဲ့ပေမယ့် သူတို့အသင်းဟာ ပြီးခဲ့တဲ့လထက် ပိုပြီး တိုးတက်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၁၆ပွဲဆက် ရှုံးပွဲ မရှိပါဘူး။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာလည်း ခြေချော်မယ့်ပုံစံ မရှိပါဘူး။

ခန့်မှန်းရလဒ် – အတိအကျ မဖော်ပြခဲ့