ကဲ ဥရောပပွဲစဉ်တွေ ပြန်လည် ရောက်ရှိလာတာနဲ့အညီ အပတ်စဉ် တင်ဆက်ပေးနေကြ မိုက်ကယ် အိုဝင်ရဲ့ ထူးရှယ် ခန့်မှန်းချက်တွေကို တင်ဆက်ပေးဖို့ အချိန်အခါကောင်း ကျရောက်လာပါပြီ။ ဒီတပတ်မှာရော ဂုရုကြီး အိုဝင်ရဲ့ ခန့်မှန်းချက်တွေ ဘယ်လိုရှိမလဲ ဆိုတာ အတူတူ ဖတ်ရှုလိုက်ကြရအောင်ဗျာ။

Photo Credit: Metro

ဝက်ဖို့ဒ်နဲ့ လီဗာပူး (စနေနေ့ည ၆နာရီ)

ဝက်ဖို့ဒ်အသင်းက လိဒ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်း အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် ဇစ်ကို မူနော့ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာက အံ့အားသင့်စရာ ကောင်းတဲ့ ကိစ္စတခု အဖြစ် ရှိနေဆဲပါ။ ဒါက အသင်းတသင်း အနေနဲ့ ခြားနားတဲ့ အရာတွေကို လုပ်ဆောင်ချင်လို့ ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ ရာရီနေးရီကို အင်္ဂလန် ဘောလုံးလောကမှာ ပြန်မြင်ရတာကလည်း ကျွန်တော့်ကို အံ့ဩစေပါတယ်။

ရာရီနေးရီက ထိပ်တန်း နည်းပြတဦးပါ။ ဒါပေမယ့် ဒီပွဲက သူ့အတွက်တော့ ခက်ခဲမယ့် ပွဲတပွဲလို့ ထင်ပါတယ်။ နည်းပြတိုင်း အတွက် ပထမဦးဆုံးပွဲစဉ်မှာ ရလဒ်ကောင်း ရဖို့က ခက်ခဲတတ်ပါတယ်။ ဒီတခေါက် သူတို့ တွေ့ရမယ့် အသင်းကလည်း လီဗာပူးပါ။ ဒါကြောင့် ဒီပွဲမှာ လီဗာပူးအသင်းက ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဝက်ဖို့ဒ် ၀-၂ လီဗာပူး

Photo Credit: Metro

 

လက်စတာနဲ့ မန်ယူ (စနေနေ့ည ၈နာရီခွဲ)

ဒီပွဲမှာတော့ ရှေ့နှစ်ပတ်ကလို ယူနိုက်တက်တို့ ခြေချော်လိမ့်မယ်လို့ မထင်ပါဘူး။ သူတို့က ဗီလာ ၊ အဲဗာတန်တို့ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပေမယ့် ရမှတ်တမှတ်ပဲ စုဆောင်းနိုင်ခဲ့တယ်။ ဒါကြောင့် အိုလေ အပေါ် ဖိအားတွေ ကျရောက်နေပါတယ်။ ဘရူနို ဖာနန်ဒက်ရဲ့ စွမ်းဆောင်ရည်ကလည်း အနည်းငယ် ကျဆင်းနေပါတယ်။ ဒီတော့ အိုလေက သူနဲ့ ရိုနယ်ဒိုတို့ရဲ့ အကောင်းဆုံး စွမ်းရည်တွေကို ထုတ်ယူနိုင်ဖို့ လုပ်ဆောင်ရပါမယ်။

ဖိအားတွေ ကျရောက်တဲ့ အချိန်တိုင်း အိုလေက လိုချင်တဲ့ ရလဒ်ကို ရယူနိုင်လေ့ ရှိပါတယ်။ လက်စတာကလည်း ၂၀၁၄ခုနှစ် နောက်ပိုင်း ယူနိုက်တက်ကို အိမ်ကွင်းမှာ မနိုင်ထားပါဘူး။ ဒါကြောင့် ဒီပွဲမှာ ဒဏ်ရာရတဲ့လူ များနေတဲ့ ယူနိုက်တက်ကပဲ ကျဉ်းမြောင်းတဲ့ ရလဒ်တခုနဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – လက်စတာ ၁-၂ မန်ယူ

Photo Credit: Metro

ဘရန့်ဖို့ဒ်နဲ့ ချယ်လ်ဆီး (စနေနေ့ည ၁၁နာရီ)

ဒီပွဲက ချယ်လ်ဆီးအသင်း အတွက် လွယ်ကူမယ့် ပွဲစဉ်တပွဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကတော့ ဘရန့်ဖို့ဒ်ဟာ ချယ်လ်ဆီးလို အသင်းမျိုး အတွက် ပြိုင်ဘက်ကောင်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ ချယ်လ်ဆီးကပဲ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲတပွဲကို ရယူနိုင်မယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းရလဒ် – ဘရန့်ဖို့ဒ် ၀-၂ ချယ်လ်ဆီး

Photo Credit: Metro

အခြားပွဲစဉ်များ အတွက် ခန့်မှန်းရလဒ်များ

ဗီလာ ၁-၁ ဝုဗ်
မန်စီးတီး ၃-၀ ဘန်လေ
နောဝှစ်ချ် ၁-၂ ဘရိုက်တန်
ဆောက်သမ်တန် ၁-၁ လိဒ်
အဲဗာတန် ၂-၁ ဝက်စ်ဟမ်း
နယူးကာဆယ် ၁-၁ စပါး
အာဆင်နယ် ၂-၁ ပဲလေ့စ်