ကဲ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးတဲ့နောက်မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပရိသတ်တွေဆီကို ပြန်လည် ရောက်ရှိလာပါပြီ။ ဒီတပတ်မှာတော့ လီဗာပူးနဲ့ အာဆင်နယ် ၊ လက်စတာနဲ့ ချယ်လ်ဆီးတို့လို ပွဲကြီးပွဲကောင်းတွေ ရှိနေတာကြောင့် ထုံးစံအတိုင်းပဲ ဂုရုကြီး မိုက်ကယ် အိုဝင်ရဲ့ ထူးရှယ် ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

လက်စတာနဲ့ ချယ်လ်ဆီး (စနေနေ့ည ၇နာရီ)

နိုင်ငံတကာပွဲစဉ်တွေ အပြီး ပထမဦးဆုံး ပြန်ကစားတဲ့ ပထမဦးဆုံး ပွဲစဉ် ဖြစ်တဲ့ ဒီပွဲက စောင့်ကြည့်ဖို့ ကောင်းတဲ့ ပွဲစဉ်တပွဲပါ။ လက်စတာ စီးတီးအသင်းက ဒီရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိပေမယ့် နားရက်တွေ ရရှိပြီးတဲ့နောက်မှာ သူတို့အသင်းက အကောင်းဆုံး ပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အသင်းကသာ သူတို့ရဲ့ အမြင့်ဆုံး ခြေစွမ်းကို ရခဲ့ရင် လက်စတာ စီးတီးအသင်းက အတော်လေး ကြောက်စရာကောင်းတဲ့ အသင်းတသင်း ဖြစ်ပြီး ဒါကိုလည်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ မြင်တွေ့ခဲ့ပြီးပါပြီ။

Photo Credit: Sky Sports

တူချယ်က ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရလို့ အတော်လေး ဒေါသထွက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ချယ်လ်ဆီးအသင်းက ပွဲကို ဦးဆောင်နိုင်ခဲ့သလို ခြေစွမ်းလည်း ကောင်းမွန်ခဲ့ပေမယ့် ပွဲတပွဲကို အဆုံးသတ်ဖို့ ဆိုရင် ဒုတိယသွင်းဂိုး လိုအပ်ပါတယ်။ ဒီတပတ်က ချယ်လ်ဆီးအသင်း အတွက် အတော်လေး ကြီးမားတဲ့ ရက်သတ္တပတ်ပါ။ ဒီပွဲပြီးရင် သူတို့က ဂျူဗင်တပ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။ ဒါကြောင့် ဒီနေ့ပွဲမှာ သူတို့ရဲ့ ပုံစံကောင်းကို မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းကြား ကွာဟချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ချယ်လ်ဆီးအသင်းက ၁-၂ ဆိုတဲ့ ရလဒ်နဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – လက်စတာ ၁-၂ ချယ်လ်ဆီး

Photo Credit: Sky Sports

လီဗာပူးနဲ့ အာဆင်နယ် (စနေနေ့ည ၁၂နာရီ)

ပြီးခဲ့တဲ့နှစ်တွေမှာ လီဗာပူးနဲ့ အာဆင်နယ် တွေ့ဆုံတိုင်း အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတွေကို မြင်ခဲ့ရပါတယ်။ လီဗာပူးအသင်းက နောက်ဆုံး နှစ်ပွဲမှာ ဘရိုက်တန်ကို သရေကျပြီး ဝက်စ်ဟမ်းကို ရှုံးခဲ့လို့ ဂျာဂင်ကလော့ပ် တယောက် မပျော်မရွှင် ဖြစ်နေမှာကို ကျွန်တော် မှန်းဆကြည့်လို့ ရပါတယ်။ သူတို့အသင်းမှာ ခံစစ်ပိုင်း လျော့ရဲမှုတွေ ရှိနေပြီး ဒါတွေကို ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။

အာဆင်နယ်အသင်း ကတော့ နောက်ဆုံး ၃ပွဲဆက်တိုက် နိုင်ပွဲရထားပြီး ပေးဂိုးလည်း ၁ဂိုးသာ ရှိခဲ့ပါတယ်။ ဒီပွဲကတော့ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းကို စမ်းသပ်မယ့် ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ လီဗာပူးအသင်းကပဲ နိုင်ပွဲ ရသွားမယ်လို့ ထင်ပါတယ်။ ပြီးတော့ လီဗာပူးအသင်းရဲ့ ခံစစ်ပိုင်းကိုလည်း မယုံကြည်တာကြောင့် အာဆင်နယ်အသင်းက သွင်းဂိုး ၁ဂိုးလောက် ရမယ်လို့ မြင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၃-၁ အာဆင်နယ်

Photo Credit: Sky Sports

အခြားပွဲစဉ်များအတွက် ခန့်မှန်းရလဒ်များ

နယူးကာဆယ် ၁-၁ ဘရန့်ဖို့ဒ်
ဘန်လေ ၁-၁ ပဲလေ့စ်
ဗီလာ ၁-၂ ဘရိုက်တန်
ဝက်ဖို့ဒ် ၀-၂ မန်ယူ
ဝုဗ် ၁-၁ ဝက်စ်ဟမ်း
နောဝှစ်ချ် ၀-၂ ဆောက်သမ်တန်
မန်စီးတီး ၃-၀ အဲဗာတန်
စပါး ၂-၀ လိဒ်ယူနိုက်တက်