ဘတ်စကတ်ဘော လောက ရဲ့ ဂန္တဝင်ကစားသမားကြီး တစ်ဦး ဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန် ကတော့ အကျိုးအမြတ်အတွက် မရည်ရွယ်တဲ့ အဖွဲ့စည်း တစ်ခု ဖြစ်တဲ့ Feeding America လို့ အမည်ရတဲ့ အဖွဲ့အစည်း တစ်ခုကို မကြာခင် ကျရောက်တော့မယ့် အားလပ်ရက် ရာသီ အတွက် အမေရိကန်ဒေါ်လာ ၂ သန်း လှူဒါန်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့အစည်း ကတော့ မိုက်ကယ်ဂျော်ဒန် ရဲ့ ရက်ရောလှတဲ့ လှူဒါန်းမှု ကို သူတို့ရဲ့ တွစ်တာအကောင့်မှာ အခုလိုပဲ ချီးကျူး ဖော်ပြထားပါတယ်။ “ ငတ်မွတ်ခေါင်းပါးမှု တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေ အတွက် NBA ဂန္တဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်က ဒေါ်လာ သန်း ၂၀ လှူဒါန်းပါတယ်။ မယုံနိုင်စရာကောင်းလောက်တဲ့ လှူဒါန်းမှု အတွက် ကျေးဇူးတင်ရှိပါတယ် ” ဆိုပြီး ဖော်ပြထားပါတယ်။

Photo Credit: BBC

Feeding America ဆိုတာကတော့ ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်ကာ အစားအစာထောက်ပံ့ရေးဌာန အခု ၂၀၀ လောက်နဲ့ လူပေါင်း ၄၆ သန်‌း‌ကျော်လောက်ကို စားစရာတွေ နဲ့ နေစရာနေရာ တွေ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ကတော့ အဆိုပါ လှူဒါန်းမှုနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောပြထားပါတယ်။ “ ကိုဗစ် ၁၉ ကြောင့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ နဲ့ ပြည့်နှက်နေတဲ့ အခုလို စိတ်ရှုပ်စရာကောင်းလှတဲ့ နှစ်တစ်နှစ်မှာ အနားယူဖို့ နဲ့ ကျေးဇူးတင်ကြောင်းပြောဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။ အမေရိကမှာရှိတဲ့ လူတွေရဲ့ ငတ်မွတ်ခေါင်းပါးမှုကို ကူညီဖို့အတွက် Feeding America နဲ့ သူ့ရဲ့ ကယ်ရိုလိုင်းနား နဲ့ ချီကာဂို မှာရှိတဲ့ အစားအစာထောက်ပံ့ရေးဌာန တွေကို လှူဒါန်းနိုင်ခဲ့တဲ့ အတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ် ” ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။

Photo Credit: BBC

၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာလည်း မိုက်ကယ်ဂျော်ဒန် က ဒေါ်လာ သန်း ၃၀ ကျော်လောက်ကို လှူဒါန်းခဲ့ပြီးပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဖရိက-အမေရိက သမိုင်းနဲ့ ‌ယဉ်ကျေးမှု ပြတိုက် ကို ဒေါ်လာ ၅ သန်း၊ ဟယ်ရီကိန်းကြောင့် ထိခိုက် နစ်နာသွားရတဲ့ မိသားစုတွေကို ဒေါ်လာ ၃ သန်း နဲ့ ကျန်ရှိတဲ့ ဒေါ်လာတွေကိုတော့ ချီကာဂို အနီးတစ်ဝိုက်မှာ ရှိတဲ့ လူမှု အဖွဲ့အစည်းတွေကို လှူဒါန်း ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ “ ဒါတွေကို လုပ်နေရတဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က သေချာပေါက် လိုအပ်တယ်လို့ မြင်မိလို့ပါ။ ကျွန်တော် အဲ့ဒါနဲ့ ပတ်သက်ပြီး သေချာပေါက် နွေးထွေးမှု တစ်ခုကို ခံစားမိလို့ပါ။ ကျွန်တော် အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်နေတယ်လို့ ခံစားရရင် အဲ့ဒါက ကျွန်တော့် အတွက် သေချာပေါက် အရေးပါ ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။